အပိုင်း (၁၂ )

37.2K 3.7K 28
                                    

#For Unicode

အချိန် ယန္တရားသည်ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်၏။အောက်တိုဘာလဖြစ်တာကြောင့်
မိုးအကုန် ဆောင်းအကူးကာလဖြစ်၍ တစ်ခါတစ်ရံသာ မိုးရွာပြီး တစ်ခါတစ်ရံနေသာသည်။ယနေ့တော့ ကောင်းကင်ကြီးတစ်ခုလုံး အုံ့မိုင်းကာ မိုးဖွဲလေးများကျဆင်းနေ၏။ပတ်ဝန်းကျင်တစ်ခွင်စိုစွတ်နေပြီး
ပြတင်းပေါက်မှ တိုက်ခတ်နေသော လေပြင်းများကြောင့် ရာသီဥတုမှာ အေးစိမ့်လို့နေသည်။

ကျောင်း၏ ‌ပြတင်းပေါက်မှ ရွာနေသော မိုးဖွဲလေးများကို ငေး‌ကြည့်ရင်း မိုးရွာလျှင်ဖြစ်လေ့ရှိသည့် ခံစားချက်အတိုင်း လွန်းတစ်ယောက် ခပ်ဆွေးဆွေးလေး ဖြစ်နေ၏။

"ဟိတ်ကောင်း ပိုးလုံး ငေးလှချီလားကွ"

အာကာ့ အသံကြားမှ လွန်း ပြတင်းပေါက်ကို
ငေးနေသည်မှာ ကြာပြ‌ီမှန်း သတိရတော့သည်။

"မဟုတ်ပါဘူး...ရာသီဥတု‌လေးက လွမ်းစရာလေး
မိုးတဖွဲဖွဲရွာနေတာ အေးနေတာပဲ "

"အမယ်...မင်းပဲအပြောကောင်း..မသိရင်လွမ်းစရာ
လူရှိတာကြနေတာပဲ "

အာကာက လှောင်ရယ်သံကြီးနှင့်ပြော၏။မသိရင်တော့ သူ့ မှာပဲရှိသလိုလို။ပြန်ပြောပြန်ရင်လည်း စပ်စပ်ခါ အောင် နာဦးမည်။

"ဒါနဲ့ ပိုးလုံး  ဒီနေ့ ကျူရှင်စာမေးပွဲက ဆယ်တန်းတွေနဲ့ပေါင်းဖြေရမှာနော် မင်း မေ့နေဦးမယ်"

"စာမေးပွဲဖြေမှာကို မေ့စရာလား..တစ်ခုပဲ
ဆယ်တန်းတွေနဲ့ ပေါင်းဖြေရမှာ စိတ်ညစ်စရာ
ကြီး"

"ဟေ့ကောင် ဘာစိတ်ညစ်စရာကြီးလဲ။
စာမေးလို့ရတယ်ကွ ငါဆို ကိုမာန်နဲ့
ဘေးချင်းကပ်ရပ်ကျပါစေ ဆုတောင်းနေတာ၊သူက စာတော်တယ်ကွ တစ်မှတ်တန်တွေ မေးလို့ရတယ် ဟီး.."

အာကာ စပ်ဖြီးဖြီးရုပ်နှင့်ပြောတော့မှ ဟိုတစ်ယောက်နဲ့ မတွေ့ဖြစ်တာကြာမှန်း လွန်းသတိရသွားသည်။ကျောင်းမှာ ဆယ်တန်းတွေက စာမေးပွဲကြီး နီးသည့် အောက်တိုဘာလ နားရောက်လျှင် ကျောင်းပုံမှန်တက်ခြင်းမရှိတော့။ကျူရှင်မှာလည်း အပေါ်ဆုံးထပ်မှာ ဆယ်တန်းတွေကို အချိန်ပိုသင်နေပြီဖြစ်၍ အရင်လို
ကျူရှင်ဆင်းချိန်တောင် မတွေ့ရတော့ပေ။ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဆယ်တန်းတွေနဲ့အတူ နှစ်ဝက်စာမေးပွဲဖြေရမည်ဆိုတော့ တွေ့ရဦးမှာပေါ့။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )حيث تعيش القصص. اكتشف الآن