Characters Introduce

81.3K 4.6K 25
                                    

#For Unicode

ငြိမ်းစေတမာန် (ခ)မာန်

ငြိမ်းစေတမာန်ဆိုသည့် နာမည်ကို ဘ၀တလျှောက်လုံး ငြိမ်းချမ်းဖို့ရာ ရည်ရွယ်ပြီး ပေးခဲ့သည်ဟု မေမေကဆိုသည်။

မေမေသည် ကျောင်းဆရာမတစ်​ဦးဖြစ်ပြီး ရိုးရှင်းစွာနေထိုင်တတ်၏။ဖေဖေ့ ကုမ္ပဏီလုပ်ငန်းများကိုလည်း ၀င်ရောက် စွက်ဖက်ခြင်းမရှိဘဲ ကူညီခြင်းသာရှိပြီးကလေးများကို စာသင်နေရလျှင် ပျော်ရွှင်နေတတ်သည်။သို့သော် မမြင်နိုင်တဲ့ ကံကြမ္မာကို ကျွန်တော်တို့ စီမံပိုင်ခွင့်မရှိ။
ကျွန်တော့် အသက်ဆယ်နှစ် အရွယ်မှာပင် ရုတ်တရက် ဖေဖေက ဦးနှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားခဲ့သည်။ထိုအချိန်မှစ၍ မေမေက ကျောင်းဆရာမအဖြစ်မှ နှုတ်ထွက်လိုက်ရပြီး၊ ဖေဖေထားခဲ့သောလုပ်ငန်းများကိုသာ
ဆက်လက်ဦးစီးခဲ့ရသည်။

စာသင်ခြင်းကိုသာ ပျော်‌ေမွ့သော မေမေ့အဖို့ ကုမ္ပဏီလုပ်ငန်းများကို ဦးဆောင်ရသည်မှာ ပင်ပန်းလွန်းလှပါသည်။ ဖေဖေ ရှိစဥ်ကလောက် လက်ဖျားငွေမသီး‌တော့သော်လည်း၊
မေမေ့၏ကြိုးစားမှုကြောင့် စီးပွားရေးပြေ‌လည်သည်ဟု ဆိုရ‌ပေမည်။မေမေ့ကိုနောက်အိမ်ထောင်ပြုဖို့ ပတ်ဝန်းကျင်က
တိုက်တွန်းတိုင်း၊မေမေက ဆုံးပါးသွားသော
ဖေဖေ့နေရာကို ဘယ်သူနဲ့မှ အစားမထိုးနိုင်ဟု အပြုံး‌‌လေးနှင့် ပြောလေ့ရှိသည်။

ဖေဖေ မရှိတာကလွဲရင် ကျွန်တော်တို့ မိသားစုလေးသည် ပုံမှန်အတိုင်း နွေးထွေးဆဲပင် ဖြစ်ပါသည်။

.......................

ပိုးလွန်းအိမ် (ခ)ပိုးလုံး

ကျွန်တော့် အကြောင်းကတော့ ထွေထွေထူးထူး
ပြောစရာသိပ်မရှိ။

ကျွန်တော့် ဖေဖေနှင့်မေမေသည် မျိုးရိုးစဉ်ဆက် ကျိကျိတက်ချမ်းသာလာပြီး ပိုလျှံနေသော ငွေကြေးများရှိပါလျက်ပင် ယနေ့တိုင် မမောနိုင် မပန်းနိုင် ငွေကြေးများကို ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။ဖေဖေက ကုမ္ပဏီ အလုပ်တွေနှင့် လုံးပန်းနေတတ်ပြီး၊ မေမေကလည်း စိန်ရွှေရတနာ လုပ်ငန်းကိုဦးစီးသဖြင့် ကျွန်တော့်ကို ဂရုစိုက်ဖို့ သူတို့မှာ အချိန်မရှိကြ။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )حيث تعيش القصص. اكتشف الآن