အပိုင်း(၄၂.၀)

51.6K 3.2K 258
                                    

#For Unicode

(အသက်၁၈ နှစ်မပြည့်သေးသူများ မဖတ်ပါနဲ့‌ရှင်🙄🙄 ‌)

Warning ⛔

အိပ်ခန်းထဲရောက်တော့မှ မာန် လွန်းကို
မွေ့ရာပေါ်သို့ ဖြေးဖြေးလေးချ‌ေပးလိုက်သည်။
ထို့‌နောက် အဲကွန်းဖွင့်ပေးပြီး၊ လွန်း အိပ်ဖို့အခန်းမီးပိတ်ကာ ညအိပ်မီးလေး ထွန်း‌‌လိုက်၏။ဝိုင် အရှိန်မပြေသေးသည့် လွန်းက မာန်လုပ်သမျှ ရီဝေဝေလေးလိုက်ကြည့်နေသည်။

"ငယ်...ကိုကိုရေပတ်တိုက်ပေးရမလား"

လွန်း အိပ်နေသည့် ဘေးတွင်ဝင်ထိုင်ရင်း
ဝဲကျနေသော ဆံပင်လေးကို သပ်တင်ပေးကာ မာန်မေး၏။

"ဟင့်အင်း..ကိုကိုနဲ့ ဖက်အိပ်ချင်လို့..."

သူအိပ်နေသည့် ဘေးကို လက်နှင့်ပုတ်ပြပြီးပြောသည်။

"လွန်းငယ်လေးက ဒီနေ့မှ ကိုကို့ကို အရမ်းချွဲနေတာပဲ"

လွန်း ပါးလေးကို နှာခေါင်းလေး နစ်ဝင်အောင်နမ်းတော့ လွန်းမျက်နှာလေးက ပြုံးတုံးတုံး။

"အသည်းနှလုံးလေးက ငယ်ချွဲတာ မကြိုက်လို့လား"

နှုတ်ခမ်းလေးစူကာပြောလိုက်သော
လွန်းကြောင့် မာန် တစ်ကိုယ်လုံးကျင်တက်သွားသလိုပင်။လွန်းက တော်ရုံဆို ဒီလိုမျိုးမပြောတတ်။ဒီနေ့မှ ဝိုင်သောက်ပြီး စကားတွေ သွက်နေတာဖြစ်သည်။

"ငယ် ကိုကို့ကို ဘယ်လိုခေါ်လိုက်တာ.."

မာန် ကိုယ့်နားကိုယ် မယုံနိုင်စွာ နောက်တစ်ကြိမ်
ထပ်မေးလိုက်မိသည်။

"ငယ့်ရဲ့ အသည်းနှလုံးလေး ငြိမ်းစေတမာန်"

ပြောရင်း ရှက်နေသူက မျက်နှာလေး ရဲခနဲ။မာန်မှာတော့ ဆောက်တည်ရာမရ ရင်တွေ တလှပ်လှပ်။လွန်းငယ်တို့က သူနဲ့စတွဲတုန်းကလို ငြိမ်းစေတမာန်ကို ဆယ်တန်းကျောင်းသားလို့ ထင်နေတာလား။မာန် ကြည့်နေရင်း နားရွက်ဖျားတွေ ရဲတွတ်လာသည်။ရင်ခုန်သံတို့မှာ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးလို ထိန်းမနိုင် သိမ်းမရ။
ဒါကိုအကင်းမပါးသည့် ကောင်လေးက မာန့် ပေါ်ပေါင် ခေါင်းအုံးလျက် ဝမ်းဗိုက်ဆီသို့ မျက်နှာလးတိုးဝှေ့လာ၏။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Donde viven las historias. Descúbrelo ahora