[Unicode]
အနမ်းတဲ့...
ကမ္ဘာ့အနူးညံ့ဆုံး အလှပဆုံးပန်းတစ်ပွင့်ဆိုပဲ
မင်းနှုတ်ခမ်းကဖူးလို့သာ ခူးချင်တာ
ကိုယ်က မင်းကိုပဲရူးတာလေ...
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃) : အနမ်းတစ်ပွင့်ကြောင့် သည်းတဲ့ရောဂါ
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^
ရှောင်းလူကြီးမင်းရဲ့အကောင့်ထဲကပြန်ထွက်လာလိုက်တော့ သူ့ရဲ့နှစ်ယောက်မရှိတဲ့သူငယ်ချင်းလေး ကျိုးချန်တစ်ယောက် ကလပ်မှာသောက်စားပျော်ပါးနေတဲ့ပုံတွေကို တွေ့လိုက်ရတယ်။ သူ့ကို ဒီလိုကျဉ်းထဲကြပ်ထဲအခြေအနေရောက်အောင်တွန်းပို့သွားတဲ့လူက အခုလိုလွတ်လပ်ပျော်ပါးနေတာကို ပြုံးပြုံးကြီးထိုင်ကြည့်နေရလောက်အောင် သူသဘောထားမကြီးဘူး။ သူတစ်ယောက်တည်းတော့ စိတ်ညစ်မခံနိုင်ဘူးဆိုတဲ့စိတ်နဲ့ ကျိုးချန်ဆီကိုဖုန်းလှမ်းဆက်လိုက်တယ်။
(ဝေ့ ငါ့ကောင်ကြီး ဝမ်ရှန့်... အား! မှားလို့မှားလို့ သူဌေးကြီးရဲ့အမျိုးသား ဝမ်ရိပေါ်... ဘာကိစ္စရှိလို့ ငါ့ဆီဖုန်းဆက်လာတာလဲ။ ဒီအချိန် မင်းအမျိုးသားနဲ့ မင်္ဂလာဦးနေရမယ့်အချိန်မဟုတ်ဘူးလား)
"ခွေးကောင် ကျိုးချန် မင်းဦးနှောက်ထဲ အဲ့ဒါပဲတွေးနေတာလား။ ဘာမင်္ဂလာမှ မဦးဘူးဟေ့။ လောလောဆယ် ငါဇာတ်ညွှန်းဖတ်နေရတယ်"
(ဘာ!.. ဘာဇာတ်ညွှန်းလဲ)
လေးလေးပင်ပင်ပြောနေရာကနေ လေသံကချက်ချင်းအတည်ပေါက်ဖြစ်သွားပုံထောက်ရင်တော့ ကျိုးချန်တစ်ယောက် အမူးပါတစ်ခါတည်းပြေသွားပုံရပါတယ်။
"မနက်ဖြန် လုပ်ရမယ့်အချိန်ဇယားတဲ့လေ။ ရှောင်းလူကြီးမင်းက ငါ့ကိုသရုပ်ဆောင်ခိုင်းတယ်"
(ဘာကိုသရုပ်ဆောင်ခိုင်းတာလဲ)
"အရမ်းချစ်ကြတဲ့ ပူပူနွေးနွေးကြင်စဦးတွေလိုမျိုး"
(သရုပ်ဆောင်ခိုင်းတယ်ဆိုတော့ သူကဝမ်ရိပေါ်ကိုတကယ်မချစ်တဲ့သဘောလား)
"မင်းရူးနေလား! ဘယ်တုန်းကမှမရှိခဲ့တဲ့လူတစ်ယောက်ကို သူကဘယ်လိုလုပ်ပြီးချစ်မှာတဲ့လဲ"
YOU ARE READING
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
