[Unicode]
အပိုတွေပြောတာ မဟုတ်ဘူး
မင်းသာ လုံခြုံနွေးထွေးနေရင်
ကိုယ့်ကမ္ဘာမှာ ရာသီဥတုသာယာတယ်...
^~^~^~^~^~^~^~^~^~^~^
အခန်း (၂၄) : ရင်ခွင်အိမ်သို့
^~^~^~^~^~^~^~^~^~^~^
အေးစက်စက်ဓားသွားက သူ့ရင်ဘတ်ကိုဖောက်ပြီးဝင်မလာခဲ့သလို သူ့အပေါ်အုပ်မိုးထားခဲ့တဲ့ လူစိမ်းဟာလည်း သူနဲ့မလှမ်းမကမ်းက ကြမ်းပြင်တစ်နေရာမှာလဲကျသွားတယ်။
တံခါးပေါက်ကိုကျောပေးပြီးရပ်နေတဲ့ ဒုတိယမြောက်လူစိမ်းက သူ့ကိုရန်ရှာတဲ့လူကိုကန်ပစ်လိုက်တာပဲ။ ရုတ်တရက်ကြောင်အနေမိတဲ့သူ့ကို ဒုတိယမြောက်လူစိမ်းက သူ့လက်မောင်းကနေဆွဲထူပေးပြီးတာနဲ့...
"သခင်လေး ပြေးတော့!"
ရှည်ရှည်ဝေးဝေးမတွေးနိုင်တော့ဘူး ဒါဟာသူ့ရဲ့ မူလဦးတည်ချက်ဖြစ်လို့ ဒီကြောက်စရာကောင်းနေတဲ့နေရာက အမြန်ဆုံးထွက်ပြေးဖို့ပဲ ကြိုးစားလိုက်တယ်။ အနည်းဆုံးတော့ သူကိုကို့မျက်နှာလေးပြန်မြင်ရဖို့ အခွင့်အရေးရလိုက်တာပဲ။
ထီးလည်းမဆောင်းနိုင်တော့ဘဲ မိုးရေထဲပြေးထွက်ခဲ့တယ်။ ကားအနားကိုရောက်တော့ ဘောင်းဘီအိတ်ကပ်ထဲက ကားသော့ကိုနှိုက်ထုတ်လိုက်တယ်။ တုန်ယီနေတဲ့လက်ကြောင့် ကားသော့က သူ့ခြေထောက်နားပြုတ်ကျသွားတယ်။
"Shit!"
အရေးထဲအရာပေါ်လာတော့လည်း ခပ်တိုးတိုးတစ်ချက်ဆဲလိုက်ပြီး ပြုတ်ကျသွားတဲ့ကားသော့ကို ကုန်းပြီးကောက်လိုက်တယ်။
'ဒိုင်း!'
"အာ့!"
သေနတ်ပစ်သံတစ်ချက်ရဲ့နောက်မှာ သူ့ရဲ့အော်သံကတောက်လျှောက်လိုက်သွားတယ်။ ကားသော့ကိုလှမ်းယူဖို့ကြိုးစားမိတဲ့ သူ့ရဲ့ညာဘက်လက်ကလေး ကားသော့ကိုမကောက်ယူနိုင်ခင် ညာဘက်ပခုံးကနာကျင်မှုနဲ့အတူပူလောင်မှုကိုပါ တပြိုင်နက်တည်းခံစားလိုက်ရတယ်။ ပခုံးကိုကျည်ဆံလာမှန်တဲ့အရှိန်ကြောင့် ဒူးထောက်လျက်လဲကျသွားတယ်။
နောက်ဆုံး သူနားလည်သွားတယ် ဒီလူတွေက သူ့ကိုအသေသတ်ချင်နေတာပဲ။ သူသတိလွတ်မခံတော့ဘူး နောက်တစ်ကြိမ်ပျံသန်းလာမယ့်ကျည်ဆံက သူ့ခေါင်းကိုဖောက်ဝင်သွားရင် သူတကယ်ကြီး ကိုကိုနဲ့ခွဲသွားရတော့မှာ။
ESTÁS LEYENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
