(Note; အရင်တင်ခဲ့တဲ့အပိုင်းမှာ အဆုံးထိဖတ်မရတဲ့သူလေးတွေအတွက် ပြန်တင်ပေးတာပါနော် ✌️)
~
~
~
တရွေ့ရွေ့ကုန်ဆုံးနေတဲ့ အချိန်စက်ဝန်းထဲမှာ
တွဲထားခွင့်ရတဲ့လက်တစ်စုံကြောင့်
ပျော်ရွှင်နေရပါတယ်...
^~^~^~^~^~^~^~^~^~^~^~^
Extra : Happy Wang's Day
^~^~^~^~^~^~^~^~^~^~^~^
အရောင်အသွေးစုံလင်လှတဲ့ ခေတ်မီဖက်ရှင်ဒီဇိုင်းဝတ်ဆင်ထားသူတွေ ဖက်ရှင်မြို့တော်မီလန်ရဲ့လမ်းမထက်မှာ သွားလာလှုပ်ရှားနေကြတဲ့မြင်ကွင်းကို ဟိုတယ်ခန်းရဲ့မှန်ပြတင်းကတစ်ဆင့် မြင်နေရတယ်။ ဒီလို သက်ဝင်တောက်ပနေတဲ့မြင်ကွင်းကလည်း ဥက္ကဌဝမ်ရဲ့တည်တင်းနေတဲ့မျက်နှာနဲ့ စိတ်အလိုမကျမှုကို ဖြေရှင်းမပေးနိုင်ဘူး။
'ဒေါက်ဒေါက်'
တံခါးခေါက်သံနှစ်ချက်အပြီးမှာ ဝတ်စုံအပြည့်နဲ့သပ်ရပ်နေတဲ့ ပိုင်ယွိကအခန်းထဲဝင်လာတယ်။
"သူဌေး ကားရောက်ပြီ သွားဖို့အဆင်သင့်ပါ"
Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.
ပိုင်ယွိကို တစ်ခွန်းမှမတုံ့ပြန်ဘဲ အေးစက်နေတဲ့လေထုနဲ့အတူ ဝမ်ရိပေါ် ဟိုတယ်ခန်းထဲကထွက်လာခဲ့တယ်။ ဆင်ဝင်အောက်မှာအသင့်ရပ်ထားတဲ့ အဖြူရောင် Rolls-Royce Cullinan ရဲ့ တံခါးကို ဝန်ထမ်းကအသင့်ဖွင့်ပေးထားတဲ့အတိုင်း passenger seat မှာဝင်ထိုင်လိုက်တယ်။ ပိုင်ယွိက အရှေ့မှာနေရာယူပြီး ညင်ညင်သာသာမောင်းထွက်လာတဲ့အချိန်ကစလို့ သူမျက်လုံးတွေမှိတ်ထားလိုက်တော့တယ်။
သူ စိတ်မကြည်ဘူး
သူ စိတ်မကြည်ရတဲ့အကြောင်းက...
(ပြီးခဲ့သောနှစ်ရက်ခန့်က...)
"Milan Fashion Week ကျွန်တော်သွားရလိမ့်မယ်။ ကိုကိုလည်း လိုက်ခဲ့နော်"
ŞİMDİ OKUDUĞUN
🖤🤞 BEloved 'CHEATER' 🤞🖤
Hayran Kurguအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
