[Unicode]
'မင်းသဘော မင်းစိတ်တိုင်းကျ' ဆိုတာ
ကိုယ့်စကြဝဠာတစ်ခုလုံး
ဖန်တီးမလားဖျက်ဆီးမလား
လုပ်ပိုင်ခွင့်အပြည့်နဲ့ မင်းလက်ထဲအပ်လိုက်တာမျိုး...
^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၁၆) : ပိုင်ဆိုင်ကြောင်းပြပုဒ်
^~^~^~^~^~^~^~^~^~^~^~^~^
နောက်အပါတ်မှာကျင်းပမယ့် ကျောင်းရန်ပုံငွေဖျော်ဖြေပွဲအတွက် အတန်းခေါင်းဆောင်တွေ၊ အသင်းအဖွဲ့ရဲ့သက်ဆိုင်ရာအကြီးအကဲတွေ အားလုံးအလုပ်တွေများနေကြတယ်။ ဆရာတွေကလည်း နားလည်မှုနဲ့အတန်းချိန်တွေကိုလွှတ်ပေးထားကြလို့ ကျောင်းသားတွေလည်းအကြိုက်တွေ့နေတဲ့အချိန်ပေါ့။
ရိပေါ်တို့သုံးယောက်ကတော့ နည်းနည်းသဘောမကောင်းတဲ့ဆရာမရဲ့ မနက်ခင်းအတန်းချိန်တစ်ချိန်တက်ပြီးတာနဲ့ ကန်တင်းမှာပဲထိုင်ပြီး တစ်နေကုန်အချိန်ထိုင်ဖြုန်းနေကြတယ်။
ဒီနေ့ရိပေါ် ကားမယူလာဘူး။ မနက်ခင်းကျောင်းလာတော့ အိမ်တော်ကဒရိုင်ဘာတစ်ယောက်လိုက်ပို့ပေးခဲ့တယ်။ အပြန်ကျရင်တော့ ကိုကိုနဲ့ပွဲတစ်ခုအတူတက်စရာရှိတာကြောင့် ကိုကိုလာကြိုပေးမယ်လို့ပြောထားတယ်။
"ယွင်ရှီး ညနေ အကအတန်းချိန်ရှိလားဟင်"
"ရှိတယ် ကျယ်ကျဲ"
ဝါသနာအရ အပြင်မှာလည်း အကသင်တန်းဆရာအဖြစ် အချိန်ပိုင်းလုပ်နေတဲ့လော်ယွင်ရှီးက ကျောင်းပွဲမှာကကြမယ့်ကျောင်းသားတွေအတွက် သီချင်းတစ်ပုဒ်စာအကကိုပြန်သင်ပေးနေတယ်။
"ရိပေါ်! ကျဲပြောထားလေး ကူညီပေးမယ်မလား..."
ကျောင်းရန်ပုံငွေပွဲအတွက် စီစဉ်သူတွေထဲမှာ အကြီးပိုင်းလိုဖြစ်နေတဲ့စီနီယာအစ်မက ရိပေါ်ကို ပွဲမှာလှုပ်ရှားမှုတစ်ခုခုဝင်လုပ်ပေးစေချင်နေတယ်။ ရိပေါ်သာ ပွဲမှာပါဝင်ပေးမယ်ဆိုရင် လက်မှတ်တွေပိုရောင်းကောင်းမှာပဲဆိုတဲ့ ရည်ရွယ်ချက်ကြီးကြီးနဲ့ပေါ့။
"ဟုတ်ကဲ့ ကျွန်တော်သီချင်းတစ်ပုဒ်လောက်တော့ ဝင်ဆိုပေးပါ့မယ်"
"ရေ့ ! ဟုတ်ပြီကွ။ ကျေးဇူးပါပဲ ရိပေါ်..."
ထီပေါက်သလိုထခုန်ပြီးပျော်သွားတဲ့ စီနီယာကျဲကျဲက ကျေးဇူးတင်စကားပြောပြီး ရိပေါ်တို့ဝိုင်းကပြန်ထွက်သွားတယ်။
VOUS LISEZ
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
