Chapter - 12 (U, Z)

4.3K 332 4
                                        

[Unicode]

ပိုင်ဆိုင်ချင်တယ်ဆိုတာ
အချိန်နေရာမရွေး ကာကွယ်ခွင့်ကို
တရားဝင် ရချင်တာပါပဲ...

^~^~^~^~^~^~^~^~^~^
အခန်း (၁၂) : လိုအပ်ချက်
^~^~^~^~^~^~^~^~^~^

ဖုန်းဝင်လာတော့ ကိုကိုနိုးသွားတယ်။ ယွီပင်းကော ဆီကဖုန်းဖြစ်နေလို့ ကိုကိုကထပြီးကိုင်တယ်။ ဖုန်းပြောပြီးတော့ ကိုကိုကရေချိုးခန်းထဲဝင်သွားတာနဲ့ ရိပေါ်လည်းအောက်ထပ်ကိုဆင်းလာလိုက်တယ်။

အိမ်အောက်ထပ်ကိုရောက်တော့ ရယ်သံလွင်လွင်လေးကိုကြားလိုက်ရတယ်။ မမရှောင်းလုက တစ်စုံတစ်ခု့ကိုသဘောကျနေတဲ့ပုံနဲ့ ပေါ့ပေါ့ပါးပါးရယ်နေတယ်။ ငါးကန်နားမှာရပ်ပြီး ဖုန်းပြောနေတဲ့မမရှောင်းလုက ရိပေါ်ကိုမြင်သွားတော့ အနားကိုလာခဲ့ဖို့လက်ယက်ခေါ်တယ်။

မမရှောင်းလုအနားကိုရောက်သွားတော့ ဖုန်း screen ကို ရိပေါ်ဘက်လှည့်ပြီးပြတယ်။ ပါးဖောင်းဖောင်း မျက်ခုံးထင်းထင်း‌လေးနဲ့ ချစ်ဖို့ကောင်းတဲ့ကလေးလေးတစ်ယောက်က ရိပေါ်ကိုပြုံးပြနေတယ်။

"ရှောင်ပေါင်ပေါင်း နှုတ်ဆက်လိုက်လေ ဦးဦးကို"

မမရှောင်းလုကပြောလိုက်တာနဲ့ တစ်ဖက်က ကလေးလေးကချက်ချင်းပဲ သွက်သွက်လက်လက်နှုတ်ဆက်လာတယ်။

"ဦးဦး မင်္ဂလာပါ"

"မင်္ဂလာပါ ရှောင်ပေါင်ပေါင်း"

"ဦးဦးက လေးလေးကျန့်ရဲ့ယောက်ျားဆို..."

အားနဲ့မာန်နဲ့ပြောချလိုက်တဲ့ ကလေးရဲ့စကားကို ချက်ချင်းဘယ်လိုတုံ့ပြန်ရမလဲမသိလို့ ရိပေါ်ခေါင်းပဲညိတ်ပြလိုက်တယ်။

"လေးလေးကျန့်ကမိုက်တာပဲ မာမားပေါင်ပေါင်းလည်းဦးဦးလိုချောချောလေးနဲ့ပဲလက်ထပ်မှာနော်"

"ဟုတ်ပါပြီ ဒါဆိုမာမားရဲ့ပေါင်ပေါင်းကလိမ္မာရမယ်။ ထမင်းကောင်းကောင်းစားပြီး လူကြီးဖြစ်လာမှမြန်မြန်လက်ထပ်လို့ရမယ်"

"ထမင်းကောင်းကောင်းမစားလည်း အချိန်တန်ရင်လူကြီးဖြစ်လာမှာပဲကို..."

နှုတ်ခမ်းလေးစူထော်ပြီးပွစိပွစိရေရွတ်နေတဲ့ကလေးငယ်က တကယ်ကိုချစ်မဝလေး။ ရှောင်ပေါင်ပေါင်းက ကိုကိုတို့မမတို့လိုချောတာပဲ။ ရုတ်တရက်အတွေးထဲဝင်လာတာက ကိုကို့သားလေးဆိုရင်ရော ဘယ်လောက်တောင်ချောလိုက်မလဲ။

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now