[Unicode]
မီးတိုင်အောက်က ပိုမှောင်တယ်တဲ့
သတိမထားမိလည်းဖြစ်တယ်
ကိုယ့်ချစ်ခြင်းတွေက ဝန်မခံလည်းစစ်မှန်ပြီးသားမို့...
^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃၁) : တစ်ဖက်သတ်ထုံးတဲ့ကြိုး
^~^~^~^~^~^~^~^~^~^~^~^~^~^
နက်မှောင်တဲ့ဆံသားတို့က ပခုံးကျော်ထိရှည်လျားနေပြီး ဝေ့ဝဲတိုက်ခတ်နေတဲ့လေပြေနဲ့အတူ ယိမ်းနွဲ့နေပုံက ညနေခင်းကဗျာတစ်ပုဒ်နဲ့ခပ်ဆင်ဆင်။ ဆံသားတို့နဲ့အပြိုင်နက်မှောင်နေတဲ့ မျက်ခုံးတန်းလေးတစ်စုံရယ်၊ မျက်ရစ်မပါပေမယ့် ကော့ညွှတ်နေတဲ့မျက်တောင်ရှည်တွေရယ်၊ သွယ်လျချွန်မြတဲ့ နှာတံရဲ့ထိပ်ဖျားလေးမှာ အကျအနနေရာယူထားတဲ့ မှဲ့နက်ကလေးတစ်ပွင့်ရယ်၊ စေ့ပိတ်ထားပေမယ့် ပြုံးယောင်သမ်းနေတဲ့ နှုတ်ခမ်းပါးတစ်စုံရယ် အရာအားလုံးက ထင်ရှားတဲ့မေးရိုးနဲ့ခပ်သွယ်သွယ်မျက်နှာလေးမှာ သင့်တင့်လျောက်ပတ်စွာ နေရာယူထားတယ်။
ရုပ်ရည်အပြင် အသားအရေ၊ ကိုယ်လုံးကိုယ်ထည် အစအဆုံးခြုံကြည့်ရရင် ဒီအမျိုးသားဟာ ကြည့်ကောင်းတာထက်ပိုပြီး ချောမောလှပတယ်ဆိုတဲ့ခိုင်းနှိုင်းမှုမျိုးနဲ့တောင် ထိုက်တန်တဲ့လူမျိုး။ ဒီလောက်ထိချောမောကြည့်ကောင်းတဲ့အမျိုးသားဟာ ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေရတာဆိုပေမယ့် သိမ်ငယ်ဝမ်းနည်းခြင်း၊ အလိုမကျခြင်း အစရှိတဲ့အမှိုင်းဘက်ခံစားချက်မျိုးကို မျက်နှာပေါ်မှာမြူတစ်မှုန်စာတောင် နေရာမပေးထားပါဘူး။
အိမ်အပြင်ဘက်က ကျောက်စားပွဲဝိုင်းလေးရဲ့ဘေးမှာ ဘီးတပ်ကုလားလေးပေါ်ထိုင်ရင်း စာအုပ်တစ်အုပ်ကိုလက်ကကိုင်ထားတယ်။ ပကတိကြည်လင်နေတဲ့မျက်နှာထားမှာ ရွှင်မြူးရိပ်သန်းနေတဲ့ အကြည့်လဲ့လဲ့လေးတွေက စာမျက်နှာတွေပေါ်ရောက်လိုက် ခြံအပြင်ဘက်ကိုရောက်လိုက်။
"ဟန်! အပြင်မှာနေတာတော်လောက်ပြီ"
လာပါပြီ။ ရှောင်းဟန်ထက် အသက်ဆယ့်ငါးနှစ်ငယ်ပေမယ့် ရှောင်းဟန်ရဲ့အုပ်ထိန်းသူနေရာကို ကိုယ့်သဘောနဲ့ကိုယ်ယူပစ်လိုက်တဲ့ ခပ်ဂျစ်ဂျစ်ကောင်ဆိုးလေး 'ဂျက်' ရဲ့ အာဏာပြမှုတွေ။
VOCÊ ESTÁ LENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanficအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
