Chapter - 20 (U,Z)

4.4K 318 4
                                        

[Unicode]

စိတ်လွတ်ကိုယ်လွတ် ပျံသန်းနေတဲ့မင်းက
တိမ်တိုက်တွေကြားမှာ မျောလွင့်နေတာကိုကြည့်ရင်း
အကြိမ်ကြိမ်ပြုံးမိတယ်
ကိုယ့်ဇာမဏီလေး အရွယ်ရောက်လာပြီ ...

^~^~^~^~^~^~^~^~^~^~^~^
အခန်း (၂၀) : လောကနိဗ္ဗာန်ဘုံ
^~^~^~^~^~^~^~^~^~^~^~^

ပေစန်း

နိုင်ငံရဲ့မြောက်ပိုင်းမှာရှိပြီး တောင်တန်းထူထပ်တယ်။ တစ်ချိန်ကနယ်မြေကြမ်းတမ်းခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက တွန့်ဆုတ်ခဲ့ပုံပါပဲ။

သယံဇာတပေါများပြီး သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့နယ်မြေ။ လူမသိသူမသိ ပုန်းလျှိုးနေတဲ့ စိတ်ကူးယဉ်ကမ္ဘာငယ်ပုံစံမျိုးပဲ။

'ပေစန်း' လို့ ကြားလိုက်တာနဲ့ အကြမ်းမခံနိုင်ကြတဲ့ ရွှေဇွန်းကိုက်တချို့က ခရီးကိုမလိုက်တော့ဘဲနေခဲ့ကြတယ်။ သဘာဝတရားကို မြတ်နိုးတဲ့သူတွေနဲ့ စိတ်လှုပ်ရှားစရာစိန်ခေါ်မှုတွေ၊ အခက်အခဲတွေကိုသဘောကျတဲ့သူတွေသာ ဒီခရီးစဉ်မှာပါလာခဲ့တယ်။

ရိပေါ်တို့မေဂျာကလူတွေကတော့ စာတမ်းတင်ရမယ့်အကြောင်းရှိနေတာရယ် အားလုံးလိုလိုက ခရီးသွားရတာကိုကြိုက်တဲ့လူတွေဖြစ်နေတော့ 'ပေစန်း'ခရီးစဉ်မှာ ပထမနှစ်ကျောင်းသားအားလုံးနဲ့ စီနီယာတချို့ လိုက်ပါခဲ့ကြတယ်။

ပေစန်းကိုရောက်တာနဲ့ Camping Trip အတွက် သူတို့နေမယ့်နေရာကိုရောက်ဖို့ နှစ်နာရီလောက်ခြေလျင်ခရီးဆက်ခဲ့ရတယ်။ ကြိုတင်စီစဉ်ထားတဲ့နေရာကိုရောက်တော့ ခဏအနားယူကြပြီး တဲထိုးမယ့်အဖွဲ့၊ ရေရှာထင်းရှာမယ့်အဖွဲ့၊ ချက်ပြုတ်ပေးမယ့်အဖွဲ့  စသဖြင့်အသီးသီးတာဝန်ခွဲယူလိုက်ကြတယ်။

Camping Trip ဆိုတဲ့အတိုင်း တောထဲကမြေကွက်လပ်ကျယ်မှာပဲ တဲထိုးပြီးအနားယူကြဖို့ဆုံးဖြတ်ထားကြတယ်။ ကွင်းပြင်ကျယ်ကျယ်မှာ ဘေးဘီဝဲယာတောတောင်တွေဝန်းရံနေတဲ့ပတ်ဝန်းကျင်က မြို့ပြအငွေ့အသက်နဲ့ လားလားမှမသက်ဆိုင်တာလည်း တစ်မျိုးစိတ်လှုပ်ရှားဖို့ကောင်းနေတယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Donde viven las historias. Descúbrelo ahora