[Unicode]
ဆံသားကအစ ခြေဖျားအဆုံးထိ
မင်း အငွေ့အသက်တစ်ခုချင်းစီဟာ
ငါဘယ်တော့မှ မလွတ်မြောက်ချင်တဲ့
ထောင်ခြောက်ငယ်...
^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃၀) : အစစ်အမှန် ဟန်းနီးမွန်း -၃-
^~^~^~^~^~^~^~^~^~^~^~^~^~^~^
ရိပေါ် မျက်လုံးနှစ်လုံးဖွင့်တာနဲ့ မျက်နှာချင်းဆိုင်မှာရှိနေတာ အဝတ်မကပ်တဲ့ ညိုစိမ့်စိမ့်ရင်အုပ်ကျယ်ကြီး။ အသိစိတ်ဝင်လာတာနဲ့တပြိုင်နက်တည်း သူ့နှုတ်ခမ်းကအပြုံးတွေဖြစ်တည်လာတော့တယ်။ ဝိုးတဝါးကျန်ရှိနေသေးတဲ့အိပ်ချင်စိတ်ကလေးနဲ့ အရှေ့က ရင်အုပ်ကျယ်ကြီးဆီကို နဖူးပြင်လေးသွားကပ်မိတယ်။ မရပ်တန့်နိုင်တဲ့မြတ်နိုးခြင်းတွေကြောင့် နှာခေါင်းဖျားလေးရယ် နှုတ်ခမ်းဖူးဖူးရယ်ပါ တစ်ချက်စီအလှည့်ကျ အသာအယာထိတွေ့မိတယ်။
ခဏလောက်ငြိမ်ငြိမ်သက်သက်လေးနေလိုက်တော့ တိုးညှင်းစွာထွက်ပေါ်နေတဲ့ ကိုကို့အသက်ရှုသံလေးကိုကြားရတယ်။ ရိပေါ်ရဲ့ကိုကိုက ပင်ပန်းပြီးအိပ်မောကျနေတုန်းပဲ။ ကိုကို့အတွက်အနှောက်အယှက်မဖြစ်ရအောင် သူ့ခါးမှာယှက်တွယ်ထားတဲ့ ကိုကို့ရဲ့လက်တစ်ဖက်ကို အသာလေးဖယ်ပြီး တိတ်တဆိတ်ထလာခဲ့တယ်။
ကုတင်အောက်ကိုခြေထောက်ချလို့ ရေချိုးခန်းထဲဝင်ဖို့ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့အလိုအလျောက်တုံ့ပြန်မှုအရ ဒူးတစ်ချက်ညွတ်သွားတဲ့အပြင် 'အာ့' ဆိုတဲ့ အာမေဋိတ်သံတစ်ချက်လည်း ပါးစပ်ကလွှတ်ခနဲထွက်သွားတယ်။ ရိပေါ်ခပ်ဟဟရယ်ပြီး ခါးတစ်ခြမ်းကိုလက်နဲ့ထောက်ရင်း ရေချိုးခန်းထဲဝင်သွားလိုက်တယ်။
ဘေစင်ရှေ့မှာရပ်ပြီး ခွက်ထဲကသွားတိုက်တံနဲ့သွားတိုက်ဆေးဗူးကို လှမ်းယူလိုက်တယ်။ မျက်နှာချင်းဆိုင်ကမှန်ထဲကိုအကြည့်ရောက်သွားတော့ ရိပေါ်ရဲ့ အောက်မေးရိုးလေးပြုတ်ကျသွားတယ်။
"ကိုကိုက ဘယ်လိုတောင်..."
တစ်ယောက်တည်းတီးတိုးရေရွတ်ရင်း ဘယ်ဘက်ညှပ်ရိုးထက်ကသွေးရောင်လွှမ်းနေတဲ့အရာလေးတွေပေါ်ကို လက်ချောင်းတို့နဲ့ခပ်ဖွဖွပွတ်သပ်မိတယ်။
ESTÁS LEYENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
