Chapter - 32 (U,Z)

3K 230 38
                                    

[Unicode]

အချိန်တွေကိုရပ်တန့်ထားချင်တဲ့
အခိုက်အတန့်လေးတစ်ခု
လူတိုင်းမှာရှိတယ်...

^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃၂) : နှစ်ယောက်တည်းကမ္ဘာ
^~^~^~^~^~^~^~^~^~^~^~^~^~^

ကိုကိုကယွီပင်းကောနဲ့ဖုန်းပြောပြီးတဲ့နောက် ကုမ္ပဏီကတာဝန်ရှိသူတွေနဲ့ အရေးပေါ်အစည်းအဝေးထိုင်ရမယ့်ကိစ္စပေါ်လာတာကြောင့် အစ်ကိုကြီးရှောင်းဟန်ကို ခပ်မြန်မြန်ပဲနှုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့ကြတယ်။

"အလုပ်ကရုတ်တရက်ကြီးပေါ်လာလို့ ကိုယ်တောင်းပန်ပါတယ်"

ကိုကိုက သူ့ကိုပေးရမယ့်အချိန်ထဲက အလုပ်အတွက်ပြန်မျှပေးနေရလို့သူ့ကိုအားနာနေပုံပဲ။

"ဟာ ဘာတောင်းပန်စရာရှိလဲ ကိုကိုကလည်း..."

"ရိပေါ် အိပ်ချင်ရင်အိပ်နှင့် ကိုယ့်ကိုမစောင့်နဲ့ အစည်းအဝေးကကြာလောက်တယ်"

"အင်း ကျွန်တော့်ကိုစိတ်မပူနဲ့ အလုပ်သာစိတ်ဖြောင့်ဖြောင့်လုပ်"

ကိုကိုကသူ့နဖူးကိုတစ်ချက်နမ်းပြီး MacBook ကိုပိုက်လို့ ဧည့်ခန်းဘက်ထွက်သွားတယ်။

ကြည့်ရတာ ကိုကိုတို့လုပ်ငန်းတစ်ခုခုမှာ ပြဿနာတက်ပုံရတယ်။ သူ့အနေနဲ့ကူညီနိုင်တာဘာရှိမလဲမေးချင်ပေမဲ့ ကိုကိုကတော့သူ့ဆီကအကူအညီယူဖို့မလိုလောက်ဘူးထင်ပါရဲ့။ ရိပေါ်ရဲ့ကိုကိုက ဉာဏ်ကြီးရှင်မဟုတ်လား။ ဘယ်လိုအခက်အခဲပဲတွေ့တွေ့‌ ကောင်းကောင်းကိုင်တွယ်နိုင်မှာသေချာတယ်။

နောက်ဆုံးတော့ ပျင်းပျင်းနဲ့အိပ်ရာပေါ်ထိုင်ပြီး ခြေရင်းကတီဗွီကိုဖွင့် Netflix က ဇာတ်လမ်းကြည့်နေလိုက်တယ်။ ဒါပေမယ့် ဘယ်ဇာတ်လမ်းကမှ သူ့ကိုဆယ်မိနစ်ထပ်ပိုပြီးမဆွဲဆောင်နိုင်ဘူး။ ရိပေါ်တစ်ယောက်ကတော့ ကိုကို့မျက်နှာကလွဲပြီး ဘာကိုမှကြာကြာမကြည့်ချင်တော့ဘူး။

ကိုကိုအနားမှာမရှိတော့ ငါးမိနစ်က မိနစ်ငါးဆယ်လိုပဲ။ အချိန်နှစ်နာရီလောက်ကြာသွားတဲ့နောက် မနေနိုင်တဲ့အဆုံး အိပ်ခန်းတံခါးကိုအညင်သာဆုံးဖွင့် ကိုကိုရှိနေတဲ့ဧည့်ခန်းဆီကို ခြေသံဖွဖွလေးနဲ့လှမ်းသွားပြီး တိုင်အကွယ်တစ်နေရာကလှမ်းချောင်းကြည့်တော့ ကိုကိုကတစ်ဘက်လူတွေနဲ့ အသည်းအသန်ဆွေးနွေးနေတုန်းရှိသေးတယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Donde viven las historias. Descúbrelo ahora