[Unicode]
ကိုယ့်ရဲ့ကောင်းကင်လေးက သိပ်ပြီးဖြူလွန်းတယ်
တိမ်ညိုတိမ်မည်းတွေကို ကိုယ်ကပဲနှင်ပါ့မယ်
လေပြင်းကြီးရယ်လို့တော့ မမုန်းစေချင်ဘူး...
^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၁၇) : ချစ်ခြင်းပရိယာယ်
^~^~^~^~^~^~^~^~^~^~^~^~^
ပုံမှန်အချိန်တွေဆို ကားမောင်းတိုင်းအာရုံမများတတ်တဲ့ကိုကိုက အခုတော့ ပတ်တီးဖြူဖြူစည်းထားတဲ့ရိပေါ်ရဲ့လက်ကလေးကို မကြာခဏလှမ်းလှမ်းကြည့်နေတယ်။ မျက်ခုံးတွေကလည်း တစ်စုံတစ်ခုကိုအလိုမကျသလို တွန့်ချိုးထားတုန်းပဲ။ ရိပေါ် လုပ်ချင်တာတွေလုပ်ထားပြီးတော့မှ ကိုကိုများဆူတော့မလားဆိုပြီး စိုးရိမ်နေမိတယ်။
စကားတစ်ခွန်းမှမဆိုဘဲ အေးစက်နေတဲ့အခြေအနေကို နေရခက်လာတာနဲ့ ရိပေါ်ဘက်ကပဲအရဲစွန့်ပြီး အေးစက်စက်လေထုကိုဖြိုခွဲဖို့ကြိုးစားလိုက်တယ်။
"ကိုကို ကျွန်တော့်ကိုဘာမှမမေးတော့ဘူးလား"
ပွဲကနေထွက်လာပြီးတော့ ဆေးရုံမှာလက်ကိုဆေးသွားထည့်ခဲ့ပြီး အိမ်ပြန်လမ်းပေါ်ရောက်နေတဲ့အချိန်ထိ သူ့ကိုဘာဖြစ်ခဲ့လဲဆိုတာလုံးဝမမေးခဲ့ဘူး။
"မင်းမမှားဘူး ကိုယ်သိတယ်"
ကိုကို့စကားတစ်ခွန်းက သူ့ရဲ့အကြားအာရုံကတစ်ဆင့်ငြိမ့်ငြိမ့်လေးစီးသွားတာ နှလုံးသားထဲထိပျော်ဝင်သွားတယ်။ ကိုကိုကတော့ သူ့ကိုအချိန်နေရာမရွေးပြုစားနေတော့တာပဲ။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့အတူတွဲပြီးတက်ဖြစ်တဲ့ ပထမဆုံးပွဲမဟုတ်လား။ တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်ကိုကို့သိက္ခာကျ..."
"ဝမ်ရိပေါ် !.."
သူ့ကို စကားဆုံးအောင်ပြောခွင့်လေးတောင်မပေးဘဲ ကိုကိုကရုတ်တရက်ကြီးထအော်လိုက်တော့ သူ့ကိုယ်လေးတွန့်ခနဲဖြစ်သွားတယ်။ ကိုကို့မျက်ဝန်းတွေက ပုံမှန်ထက်ပိုစူးရှနေပြီး အသက်ရှူသံလည်း အနည်းငယ်မြန်နေသလိုခံစားရတယ်။ ကြည့်ရတာ ကိုကိုဒေါသထွက်သွားတဲ့ပုံပါပဲ။
"ရိပေါ်! မင်းကိုယ့်ကိုဘယ်လိုထင်နေတာလဲ။ ကိုယ်က မင်းကိုကျော်ပြီး ကိုယ့်သိက္ခာကိုပိုချစ်မယ့်ကောင်လား... ကျွတ်စ် ထားလိုက်တော့"
أنت تقرأ
🖤🤞 BEloved 'CHEATER' 🤞🖤
أدب الهواةအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
