[Unicode]
ချစ်ခြင်းတွေအဆိပ်တက်လာတဲ့အခါ
ဖြေဆေးကိုတောင်မြေမြှုပ်ပစ်ပြီး
သေလောက်တဲ့ဝေဒနာကိုကြိတ်ခံလိမ့်မယ်
အကြောင်းအရင်းက မင်းဖြစ်နေတာနဲ့လုံလောက်ပြီ...^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃၃) : အလွမ်းဆိုတဲ့အရသာ
^~^~^~^~^~^~^~^~^~^~^~^~^လေဆိပ်ကအထွက်မှာ ပိုင်ယွိကကားတစ်စီးနဲ့ ကြိုစောင့်နေတယ်။ ကိုကိုနဲ့ရိပေါ်ကိုမြင်တော့ ပိုင်ယွိကချက်ချင်းပဲအနားရောက်လာပြီး ရိပေါ်ရဲ့ခရီးဆောင်သေတ္တာကိုလာဆွဲယူသွားတယ်။
ကိုကိုကသူနဲ့အတူအိမ်ပြန်မလိုက်ဘဲ ပြဿနာတွေရှင်းဖို့ ဂျပန်ကိုတစ်ခေါက်ပြန်သွားရမယ်တဲ့လေ။ ကိုကိုကသူ့ကို ရင်ခွင်ထဲထည့်တင်းကြပ်နေအောင်ဖက်ထားပြီး နှာထိပ်ဖျားလေးနဲ့သူ့ဆံပင်တွေထဲတိုးဝှေ့နေတယ်။
"ကိုကို... အစစအရာရာဂရုစိုက်ပါ။ အချိန်ရတာနဲ့ ကျွန်တော့်ဆီဖုန်းဆက်ဦးနော်"
"အင်း... မင်းရောပဲကိုယ့်ကိုယ်ကိုယ်ဂရုစိုက်။ ကိုယ်စိတ်ပူရအောင်မနေနဲ့"
"ဟုတ်ကဲ့ ကိုကို"
"မခွဲချင်ဘူး... ဘယ်လိုလုပ်ရပါ့မလဲ"
"အင်း ကျွန်တော်လည်းကိုကိုနဲ့ အကြာကြီးမခွဲချင်ဘူး။ အဲ့ဒါကြောင့်လုပ်စရာရှိတဲ့ကိစ္စတွေ မြန်မြန်အပြီးသတ်ပြီး မြန်မြန်ပြန်လာခဲ့ ဟုတ်ပြီလား..."
"အင်း ကိုယ်အမြန်ဆုံးပြန်လာမယ်"
ပိုင်ယွိကတော့ ဆရာသမားနှစ်ယောက်ရဲ့အလွမ်းသယ်မှုကို ကားဘေးမှာစိတ်ရှည်ရှည်ရပ်စောင့်ပေးနေရှာတယ်။
အချိန်ခဏကြာသွားတဲ့နောက် ရိပေါ်ကိုကို့ရင်ခွင်ထဲကရုန်းထွက်လိုက်တယ်။ သူ့မျက်နှာနဲ့မလှမ်းမကမ်းက ကိုကို့နှုတ်ခမ်းအောက်ကမှဲ့နက်ကလေးကိုဖျတ်ခနဲမော့ပြီးနမ်းလိုက်တော့ ကိုကိုကသူ့မျက်နှာလေးကို အမိအရပြန်လည်ဖမ်းဆုပ်ပြီး နှုတ်ခမ်းသားတို့အားဖိကပ်ကာ ချိုမြိန်စွဲမက်ဖွယ်ညင်သာနူးညံ့တဲ့အနမ်းတို့ကို ရှည်ကြာစွာဖန်တီးတော့တယ်။
"အွန်း... အာ့! ကိုကို"
သူ့အောက်နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်ခံရတော့ ရုတ်တရက်လန့်ပြီးအော်မိတယ်။ ကိုကိုကခပ်ပြုံးပြုံးနဲ့ပဲ ပေါက်သွားတဲ့နှုတ်ခမ်းလေးကို နောက်တစ်ကြိမ်ငုံပေးပြီး စိမ့်ထွက်နေတဲ့သွေးစတချို့ကိုစုပ်ယူလိုက်တယ်။
![](https://img.wattpad.com/cover/254854796-288-k7136.jpg)
VOCÊ ESTÁ LENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanficအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple