[Unicode]
မင်းအတွက် ပူခြင်းအေးခြင်း၊ ငိုခြင်းရယ်ခြင်း
အရာရာ ကိုယ်ပဲဖန်တီးပေးချင်တယ်
ဒါ ကိုယ့်ရဲ့ ကြည်ပြာရောင်အတ္တ...
^~^~^~^~^~^~^~^~^
အခန်း (၁၄) : ချစ်သူစုံတွဲ
^~^~^~^~^~^~^~^~^
ကိုကိုက ကားပြိုင်ကွင်းထဲမှာမောင်းတဲ့အရှိန်နှုန်းအတိုင်း လမ်းမကြီးပေါ်မောင်းသွားတော့ ရိပေါ်လိုက်မှီအောင်မောင်းဖို့ မလွယ်တော့ဘူးလေ။ သူ့အနေနဲ့ ရွှေဘုံစံဘဝမှာအသားကျဖို့ ကြိုစားနေဆဲကာလဖြစ်တဲ့အပြင် ဒီလိုတန်ဖိုးကြီးဇိမ်ခံကားမျိုးကို အခုမှကိုယ်တိုင်ကိုယ်ကျမောင်းဖူးတာပဲ။
ဒီနေ့ ပေကျင်းမြို့ရဲ့လမ်းမကြီးထက်မှာ Ferrari 812 လေးတစ်စီးဟာ ပုံမှန်မိုင်နှုန်းအတိုင်းစည်းကမ်းတကျမောင်းနှင်သွားတာကိုမြင်လိုက်ရသူအချို့ကတော့ အထူးအဆန်းသဖွယ် အံအားသင့်ကုန်ကြတော့တယ်။
"သခင်လေး ပြန်ရောက်လာပါပြီလား။ သခင်ကြီးက စာကြည့်ခန်းထဲမှာစောင့်နေမယ်လို့မှာခဲ့ပါတယ်"
အိမ်တော်ထိန်းလီက အိမ်ထဲဝင်လာတဲ့ရိပေါ်ကိုမြင်တာနဲ့ အမှာစကားကိုချက်ချင်းပါးပေးလာတော့ အသိအမှတ်ပြုတဲ့သဘောနဲ့ပြုံးရင်းခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး အပေါ်ထပ်စာကြည့်ခန်းဆီကို ခြေဦးတည်လိုက်တယ်။
အစဉ်အလာမပျက် တံခါးနှစ်ချက်ခေါက်ပြီးမှ အခန်းထဲကိုဝင်သွားလိုက်တယ်။ ကိုကိုကဆိုဖာမှာထိုင်ပြီး စာရွက်စာတမ်းတွေဖတ်နေတယ်။ သူဝင်လာတာမြင်တော့တစ်ချက်မော့ကြည့်ပြီး ဘေးမှာဝင်ထိုင်ဖို့ခေါ်တယ်။ ကိုကို့ဘေးဝင်ထိုင်လိုက်တော့ ကိုကိုကိုင်ထားတဲ့စာရွက်စာတမ်းဖိုင်လ်ကို သူ့လက်ထဲထည့်ပေးလာတယ်။
"အလုပ်ကိစ္စလား... ကိုကို"
"ဖတ်ကြည့်လိုက်"
'နာမည်ရတက္ကသိုလ်များတွင် လေ့လာသင်ကြားနိုင်သော ဘာသာရပ်များ' ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ စာရွက်စာတမ်းတွေပဲ။ ရိပေါ်ကိုကို့ကို နားမလည်သလိုတစ်ချက်ကြည့်လိုက်တယ်။
"မင်းကျောင်းမပြီးသေးဘူးလို့ မင်းပါပါးကကိုယ့်ကိုပြောထားတယ်"
BẠN ĐANG ĐỌC
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
