Chapter - 43 (U,Z)

2.9K 227 27
                                        

[Unicode]

'အကျင့်ဆိုးတွေပါချစ်ပေးမယ်' ဆိုတာ
ကိုယ့်ထက်ကောင်းတဲ့ နောက်တစ်ယောက်မရှိစေရဘူးဆိုတဲ့
ခပ်ညစ်ညစ် အကြံအစည်လေးတစ်ခုပါပဲ...

^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄၃) : ခိုင်မြဲတဲ့လက်တစ်စုံ
^~^~^~^~^~^~^~^~^~^~^~^

ရိပေါ်နဲ့မားက ဒီရက်ပိုင်း Tom & Jerry movie ထဲကလိုပဲ ထောင်ခြောက်ဆင်ပြီးဖမ်းလိုက် လွတ်အောင်ပြေးလိုက်နဲ့ နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက် အလစ်မပေးဘဲအရိပ်တကြည့်ကြည့်ဖြစ်နေတယ်။

စဉ်းစားကြည့်ရင် နည်းနည်းတော့ရယ်ချင်စရာကောင်းသား မားကိုသူ့သဘောထားဘယ်လိုရှိလဲဆိုတာ သိသာအောင်ပြပြီးသားဆိုပေမဲ့ ခေါင်းမာတဲ့မားကလည်းဇွဲမလျှော့ဘဲ လုပ်ချင်တာတွေလုပ်နေတုန်းပဲဖြစ်သလို အလားတူပဲ ခေါင်းမာတဲ့အကျင့်ကိုအပြည့်အဝအမွေဆက်ခံထားတဲ့ ရိပေါ်ကလည်း ဘာမှဂရုမစိုက်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်တာပါပဲ။

ဒီနေ့တော့ မားကသူ့ထက်တစ်ကွက်သာသွားတယ်။ ပါးအတွက် အပတ်တိုင်း ဆေးရုံကိုဆေးသွားယူရတဲ့နေ့ဆိုတော့ သားအမိနှစ်ယောက်အတူဆေးရုံကိုထွက်လာခဲ့တယ်။ ဇာတ်လမ်းကဘယ်လိုစလာလဲဆိုတော့ အိမ်အပြန်လမ်းမှာ ဝယ်စရာရှိလို့ဈေးဝယ်စင်တာတစ်ခုကိုလိုက်ပို့ခိုင်းရာကစတယ်။

မားရဲ့အကြံအစည်ကိုမရိပ်မိတဲ့ ရိပေါ်ကသွေးရိုးသားရိုးထင်ပြီး မားလိုက်ပို့ခိုင်းတဲ့ဆီကိုလိုက်ပို့ပေးလိုက်တယ်။ ဟိုဟိုဒီဒီအထုပ်ကြီးအထုပ်ငယ်နဲ့ ဈေးဝယ်လို့အပြီးမှာပဲ မားရဲ့အကြံအစည်တွေက ဘူးပေါ်သလိုပေါ်လာခဲ့တယ်။

"ဟယ် လော့ရယ်! တိုက်တိုက်ဆိုင်ဆိုင်ပဲ ဈေးလာဝယ်တာလား"

ရိပေါ် အသံမထွက်လာပေမဲ့ စိတ်ထဲမှာကျိတ်ရယ်ရလို့ ဗိုက်တောင်အောင့်ချင်လာတယ်။ ဈေးဝယ်စင်တာကိုလာမှတော့ ဈေးလာမဝယ်ဘဲဘာလာလုပ်တာတဲ့လဲ။ ရိပေါ်ရဲ့မားက အဲလိုပဲ ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးတတ်ပေမဲ့ စကားလုံးရွေးချယ်မှုနဲ့ ဇာတ်ကြောင်းဆင်တဲ့နေရာမှာ အတော်လေးအားနည်းချက်ရှိနေသေးတယ်။

"ဟုတ်ပါ့ ယိလုရယ် တိုက်ဆိုင်လိုက်တာ ဪ သားရိပေါ်လည်းပါလာတာကိုး..."

🖤🤞 BEloved 'CHEATER' 🤞🖤Donde viven las historias. Descúbrelo ahora