Chapter - 25 (U,Z)

4K 293 12
                                    

[Unicode]

အပြုံးတစ်ပွင့်အတွက်
အရာအားလုံးရင်းမယ်
ကိုယ့်သခင်ငယ်
ရင်ဝယ်ပန်းတွေဝေရင် လုံလောက်ပြီ...

^~^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၂၅) : စိုးထိတ်ခြင်းတို့လွန်မြောက်စေ
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^

ဖြစ်စဉ်အစအဆုံးပြောပြပြီးတဲ့နောက် ရိပေါ်တစ်ယောက် လွမ်းနေရတဲ့ရင်ခွင်ထဲ တိုးဝင်မိတော့တယ်။ ကိုကိုက သူ့ကိုပြန်လည်သိုင်းဖက်ပြီး ကျောပြင်ကိုတစ်ချက်ချင်းခပ်ဖွဖွပုတ်ပေးတယ်။

"ကိုကို! တစ်ခုသတိရလို့မေးဦးမယ်။ အဲ့နေ့ညက ကျွန်တော့်ကိုလာကယ်ပေးတဲ့တစ်ယောက်က ကိုကိုလွှတ်ထားတာလား။ ကျွန်တော့်နောက်ကိုလိုက်ကြည့်ဖို့ အဲ့လိုမျိုးလား"

"ကိုယ်.. ကိုယ်တောင်းပန်ပါတယ် ရိပေါ် "

သူ့ကိုပိုတိုးလို့ဖက်ရင်း ကိုကိုကတောင်းပန်စကားဆိုတယ်။

"ကိုယ်မင်းကို မယုံကြည်တဲ့သဘောလုံးဝမဟုတ်ဘူးနော်။ ဒီတိုင်း အင်း... စိတ်မချလို့"

"ကျွန်တော်ကအပြစ်ပြောနေလို့လား ကိုကို့ကို..."

သူ့ခေါင်းလေးကိုရင်ခွင်ကြီးထဲတိုးဝှေ့ရင်း ရယ်သံစွက်ပြီးပြောလိုက်တယ်။ သူ့အတွက်စိုးရိမ်ပေးတဲ့လူကို သူကအပြစ်မြင်စရာလား။ အဲ့ညက အဲ့ဒီလူသာလိုက်မလာခဲ့ရင် သူတကယ်အသတ်ခံလိုက်ရတာမျိုးလဲ ဖြစ်နိုင်တာပဲ။

"ကိုကိုက ကြိုတွေးမိလို့လား ဒီလိုတွေဖြစ်နိုင်တယ်ဆိုတာကိုလေ"

"စီးပွားရေးလောကမှာ ဒါတွေကမထူးဆန်းဘူး။ မင်းက အခြေအနေတစ်ခုကိုရောက်လာတာနဲ့ မင်းကိုထိုးချချင်တဲ့လူတွေ၊ ထိခိုက်အောင်လုပ်ချင်တဲ့လူတွေဆိုတာ အနည်းနဲ့အများရှိလာမှာပဲလေ။ ကိုယ် ထပ်ပြီးတောင်းပန်ပါတယ် မင်းနောက်တစ်ကြိမ်နာကျင်ရပြန်ပြီ"

"မဟုတ်တာ ကိုကိုကဘာဖြစ်လို့တောင်းပန်ရမှာလဲ။ ကိုကို့ရဲ့ကြိုတင်ပြင်ဆင်မှုသာမရှိရင် ကျွန်တော်ဒီအချိန်ထိ အသက်ရှိနေမယ်မထင်တော့ဘူး။ ကျေးဇူးပါ ကိုကို.. ကျွန်တော့်ကိုကာကွယ်ပေးလို့"

🖤🤞 BEloved 'CHEATER' 🤞🖤Onde histórias criam vida. Descubra agora