[Unicode]
စိတ်မချခြင်းတွေကို အသာတကြည်လက်ခံပေးပါ
မင်းတစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးက
ကမ္ဘာပျက်ဟောကိန်းထက် ပိုတုန်လှုပ်ဖို့ကောင်းတယ်...
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၂၃) : လိပ်ပြာအဖြစ်နဲ့ ဝဲဆိုလည်းဝဲမယ်
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^
ရိပေါ်ရဲ့ မဟာအကြွေးကျေရေးအစီအစဉ်ကြောင့် တစ်ရက်ကို ၂၄နာရီနဲ့မလောက်ငှနိုင်တော့တာအမှန်ပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကိုကို့ရဲ့ Xiao Group ကလည်း ဂျပန်မှာလုပ်ငန်းတိုးချဲ့ဖို့အစီအစဉ်တွေရှိနေတော့ ကိုကိုနဲ့သူ့အတွက်မျက်နှာချင်းဆိုင်ဖို့အချိန်လေးတောင် မနည်းဖဲ့ယူနေရတယ်။
နေရာတွေအချိန်တွေ မတူညီနေရင်တောင်မှ နေ့လယ်စာ၊ညစာ စားတဲ့အချိန်တွေတော့ တစ်ယောက်နဲ့တစ်ယောက်မျက်နှာမြင်နိုင်မယ့်ဆက်သွယ်မှုလေးတစ်ခုတော့ မပျက်မကွက်ပြုလုပ်ဖြစ်ကြတယ်။ ကိုကို့အစာအိမ်ရောဂါအတွက်သူစိုးရိမ်သလို သူ့အတွက်လည်းစားချိန်မမှန်မှာ ကိုကိုကစိတ်ပူတယ်တဲ့လေ။ အပြန်အလှန်ဂရုစိုက်မှုတွေကြားမှာ နားလည်မှုပါထပ်ဖြည့်ထားတော့ သူတို့ရဲ့ဆက်ဆံရေးလေးက နွေးထွေးတာတော့အမှန်ပဲ။
အခုလည်း နေ့လယ်စာစားနေတဲ့ကိုကို့ကို သူအလုပ်လုပ်ရင်းစောင့်ပေးနေတယ်။
"ကိုကို! ထမင်းကိုအရမ်းလောပြီးမစားနဲ့ အစာလေးတော့ကြေညက်အောင်ဝါးပါ။ အချိန်မရလို့အမြန်စားရင်းနဲ့ အစာမကြေဖြစ်ရင် ကိုကိုပဲခံရမှာ... ကျွန်တော်ကလည်း အနားမှာရှိတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက် ကျွန်တော်စိတ်ပူရအောင်မလုပ်နဲ့"
"မင်းက အဘိုးအိုလေးနဲ့တူလာပြီ"
သူ့ရဲ့ တကျီကျီရေရွတ်သံတွေကို ကိုကိုနားမခံနိုင်တော့ဘူးထင်ပါရဲ့။
"ဘာလဲ ကိုကိုကငြိုငြင်တာလား..."
"ဖြစ်နိုင်ပါ့မလား..."
အချိန်မှီတင်းမထားနိုင်ဘဲကော့တက်သွားတဲ့နှုတ်ခမ်းစွန်းတွေကို အရှိန်သတ်ဖို့ရာ ချောင်းတစ်ချက်နှစ်ချက်ဟန့်လိုက်ရသေးတယ်။ သူ့ရဲ့ကိုကိုဟာ တုံးတိတိစကားတွေနဲ့လည်း ပြုစားတတ်ပါသေးတယ်။
BẠN ĐANG ĐỌC
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
