Chapter - 44 (U,Z)

3K 211 14
                                        

[Unicode]

အမြင့်ဆုံးမှာပျံဖို့ အတောင်ပံတွေပေးပြီးသားပဲ
မင်းစိတ်ကြိုက် လေပေါ်မှာဝဲနိုင်တယ်
ပင်ပန်းလို့နားချင်ရင် ကိုယ့်ပခုံးတစ်ဖက်ကအဆင်သင့်ရှိတယ်
ဘာလိုသေးလဲ...

^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄၄) : အရှိန်မြှင့်ပျံသန်းခြင်း
^~^~^~^~^~^~^~^~^~^~^~^~^

စာရွက်တစ်ရွက်ကိုကိုင်ပြီး လေဆိပ်ထဲမှာပြေးလွှားနေတဲ့လူက တစ်မိုးအောက်တစ်ယောက်ပဲရှိတဲ့ ရှောင်းကျန့် ...

ရှေ့နောက်တောင်မြောက် နေရာအနှံ့ကိုပြေးလွှားရှာကြည့်ခဲ့ပြီးမှ ဆိုက်ရောက်ထွက်ခွာအချိန်ဇယားပြတဲ့ဘုတ်ကိုကြည့်ဖို့သတိရတော့တယ်။ လွန်ခဲ့တဲ့တစ်နာရီကတည်းက ပဲရစ်ကိုသွားမည့်လေယာဉ်ဟာ ထွက်ခွာသွားခဲ့ပြီဖြစ်တယ်။

ရှောင်းကျန့်တစ်ယောက် လေဆိပ်ကခုံတန်းလေးမှာပဲ အရုပ်ကြိုးပြတ်ထိုင်ချမိသွားတယ်။ တစ်ပိုင်းတစ်စတွန့်ကြေနေပြီဖြစ်တဲ့ လက်ထဲကစာရွက်ကလေးကိုနောက်တစ်ကြိမ်ဖွင့်ဖတ်လိုက်တယ်။

📃 ကိုကို...

ကျွန်တော့်မှာ အကောင်အထည်ဖော်ချင်တဲ့ စိတ်ကူးတချို့ ရှိနေလို့ ပဲရစ်မှာခဏလောက်သွားနေဦးမယ်။

ကိုကို့ဘက်ကတော့ အရင်လိုပဲကျွန်တော့်ကိုယုံကြည်ပေးနေရင်ရပြီ။

အင်း... အရာအားလုံးကိုလွှတ်မချနိုင်သေးလို့ လူကိုယ်တိုင်မဆက်သွယ်ဘဲ စာပဲပို့လိုက်တယ်။

"မင်းသဘောအတိုင်း မင်းစိတ်တိုင်းကျ"...ဆိုတဲ့စကားကအခုထိအကျုံးဝင်သေးတယ်လို့ ယူဆထားပါတယ်။

ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ မမေ့ပါနဲ့...

ဝမ်ရိပေါ် 📃

တကယ်ပါပဲ ရှောင်းကျန့်ရဲ့တစ်ဦးတည်းသောလေးက တစ်ခါခါမထင်ထားတာတွေကို သိပ်လုပ်တတ်တယ်။ အဝေးကိုသွားဖို့စီစဉ်ထားတဲ့ကိစ္စတောင်မှ တစ်စွန်းတစ်‌စလေးတောင် ကြိုတင်တိုင်ပင်ထားခြင်းမျိုးမရှိဘဲ လုပ်ချင်ရာလုပ်ပြီးမှ ၁၉ရာစုကနည်းလမ်းနဲ့လည်းအသိပေးတတ်သေးတယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Onde histórias criam vida. Descubra agora