[Unicode]
မင်းကိုပိုင်ဆိုင်ချင်တဲ့ လောဘစိတ်နဲ့
မင်းရဲ့အပိုင်ဖြစ်ချင်နေတဲ့ အတ္တစိတ်ဟာ
အရာရာကိုကြံစည်ရဲတဲ့သတ္တိတွေအဖြစ်မွေးဖွားလာတယ်...
^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃၇) : အချစ် = စိတ္တဇနာမ်
^~^~^~^~^~^~^~^~^~^~^~^~^
"အရင်ဆုံး မင်းကိုသိစေချင်တာ ကိုယ်မင်းကိုသိပ်ချစ်တယ် ရိပေါ်... ကိုယ်လုပ်ခဲ့သမျှအရာအားလုံးက မင်းကိုသိပ်ချစ်လို့ပဲ။ ဒါကိုဆင်ခြေတစ်ခုအနေနဲ့ ကိုယ်မသုံးဘူး။ ဒါပေမဲ့ ကိုယ့်လုပ်ရပ်တွေက ကိုယ့်အတွက်တော့ခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်ဆိုတာ မင်းသိရင်ရပြီ"
ကိုကို့ပြောစကားတွေသာမကဘဲ ကိုကို့မျက်ဝန်းတွေအထိ လေးနက်ခြင်းတွေကိုသူမြင်နေရတယ်။ အကယ်၍ ကိုကို့နေရာမှာသူဖြစ်နေမယ်ဆိုရင် ကိုကို့လောက်သူတည်ငြိမ်နိုင်မယ်မထင်ဘူး။
"ကိုယ့်နှလုံးသားကို ဆယ်စုနှစ်တစ်ခုစာလောက် အပိုင်သိမ်းထားတဲ့ကောင်လေးဆိုပြီး ကိုယ်ပြောခဲ့ဖူးတာမင်းမှတ်မိမလားတော့မသိဘူး"
ရိပေါ် ခေါင်းညိတ်ပြလိုက်တယ်။ မင်္ဂလာပွဲရဲ့စင်မြင့်ပေါ်မှာ ကိုကိုသူ့လက်ကိုကိုင်ပြီးပြောခဲ့သမျှစကားလုံးတိုင်းကို သူ့ဦးနှောက်ကအတိအကျမှတ်မိနေပါသေးတယ်။
"အဲဒီနေ့ကကိုယ်ပြောခဲ့သမျှအားလုံး အမှန်တွေချည်းပါပဲ။ ကိုယ်အသက်နှစ်ဆယ်အရွယ်မှာ ဆယ့်လေးနှစ်သားကောင်လေးကြောင့် ရင်ခုန်သံရဲ့အဓိပ္ပာယ်ကိုနားလည်ခဲ့တယ်။ အဟက်... ဒါပေမဲ့ဘယ်လိုဖြစ်နိုင်မှာလဲ အဲဒီအချိန်တုန်းက ကိုယ်က သူဌေးအိမ်ရဲ့အစေခံသာသာဘဝနဲ့ကြိုးစားရုန်းကန်နေရတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သလို မင်းက... အင်း မင်းက ကိုယ်တို့ကျောင်းနားမှာဖွင့်ထားတဲ့ ဖက်ထုပ်ခေါက်ဆွဲဆိုင်က စားပွဲထိုးဝန်ထမ်းကလေးလေးပေါ့"
ရိပေါ်မျက်ခုံးပင့်မိသွားတယ်။ သူ့ရဲ့ငယ်ဘဝက လေးလေးကျန်းရဲ့ဖက်ထုပ်ခေါက်ဆွဲဆိုင်မှာ အချိန်အတော်ကြာဖြတ်သန်းခဲ့ဖူးတယ်လို့ ကျိုးချန်ကပြောပြခဲ့ဖူးတယ်။ သူလုံးဝမထင်ထားမိခဲ့တာ ကိုကိုကသူ့ကို အဲဒီအချိန်ကတည်းကသဘောကျခဲ့တာတဲ့လား။ အကြောင်းတစ်ခုကြောင့် သူသတိမရတော့တဲ့အတိတ်ရဲ့အစိတ်အပိုင်းတချို့မှာ ဒီလိုအဖိုးတန်တဲ့မှတ်ဉာဏ်လေးတွေများပါသွားခဲ့တာလား။
ESTÁS LEYENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
