Extra (Unicode)

4.3K 180 10
                                        

ချို ချဉ် ဖန် ခါး
ကြုံရမည့်လောကဓံရဲ့ အရသာအစုံကိုမဖြုံတော့ဘူး
ချစ်ခြင်းတရားဟာ လူတစ်ယောက်ကို
ကြောက်ရွံ့ခြင်းကကင်းစေသတဲ့ ...

^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~
Extra : မြဲအောင်တွဲထားတော့မည့် လက်တစ်စုံ
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~

အသက်ငါးနှစ်ပြည့်သွားပြီဖြစ်တဲ့ ရိပေါ်တို့ရဲ့သားက သာမန်ကလေးတွေထက် အနည်းငယ်ထူးခြားနေတာတော့အမှန်ပဲ။

ရိပေါ်နဲ့အတူရှိချိန်တွေမှာ သားကသူသဘောကျတဲ့စကိတ်စီးတာတွေ၊ ကခုန်တာတွေစတဲ့ လှုပ်လှုပ်ရှားရှားကစားနည်းတွေကို ရိပေါ်ဆီကနေ စိတ်ဝင်တစားသင်ယူတတ်တယ်။ သူ့ရဲ့ ပါးနဲ့အတူရှိချိန်တွေဆိုရင်တော့ အင်္ဂလိပ်အက္ခရာတွေ၊ သင်္ချာဂဏန်းတွေပါတဲ့ ဉာဏ်စမ်းဂိမ်းတွေကိုပဲ ငြိမ်ငြိမ်လေးဆော့နေတတ်တယ်။ ဒီအရွယ်လေးနဲ့ အက္ခရာစာလုံးတွေ ဂဏန်းတွေကိုအမြင်အာရုံမှာစွဲနေပြီး ဦးနှောက်သေးသေးလေးကမှတ်မိနေတာလည်း ဉာဏ်ရည်မြင့်တဲ့ကလေးတစ်ယောက်ရဲ့ မွေးရာပါ ပါရမီလို့ဆိုရမလားပဲ။

သားကိုမွေးကင်းစအရွယ်ကစလို့ ဖခင်နှစ်ယောက်ရဲ့ထိန်းကျောင်းမှုအောက်မှာသာ ကြီးပြင်းစေခဲ့ပေမဲ့ အများသူငှာလိုအရွယ်တစ်ခုရောက်လာတဲ့အခါမှာတော့ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေထိုင်နိုင်ဖို့ရာ သင့်တော်တဲ့ကလေးသူငယ်ပြုစုပျိုးထောင်ရေးစင်တာတစ်ခုမှာ သားကိုအပ်နှံခဲ့ကြတယ်။

ဒီနေ့ မနက်ခင်း ကိုကိုနဲ့ရိပေါ်တို့နှစ်ယောက်လုံး သားကိုအားပေးဖို့အတွက် သားရဲ့သင်တန်းကျောင်းမှာရောက်နေကြတယ်။ ကျောင်းတည်ထောင်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်တာကြောင့် ကလေးတွေအတွက် အရည်အချင်းပြပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေပွဲတွေစီစဉ်ပေးထားတယ်။

ကလေးအများစုက အဆို အက ပန်းချီ စတဲ့ ကိုယ်ပိုင်အရည်အချင်းတွေထုတ်ပြပြီးပြိုင်ပွဲဝင်ဖို့ မိဘဆရာတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ကြိုတင်စီစဉ်ခဲ့ကြတယ်လို့ကြားထားပေမဲ့ ရိပေါ်တို့ရဲ့သားကတော့ ပြိုင်ပွဲမှာဝင်ပြိုင်မယ်လို့အသိပေးထားရုံကလွဲပြီး ဘာအရည်အချင်းကိုထုတ်ပြမယ် ဘယ်လိုပြိုင်ချင်ပါတယ် ဆိုတဲ့အကြောင်းကိုတော့ ဆရာမတွေကိုရောအဖေနှစ်ယောက်ကိုပါ လုံးဝပြောမပြခဲ့ပါဘူး။

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now