Chapter - 4 (U, Z)

4.7K 379 13
                                    

[Unicode]

နှလုံးလေးခန်းလုံးက မင်းကိုချစ်တဲ့သွေးတွေနဲ့လှည့်နေတာပဲ
ဝင်သက်ထွက်သက်တိုင်း မင်းမှမင်းဖြစ်နေတာ
နည်းနည်းလေးမှ မထူးဆန်းပါဘူး...

^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄) : ဇာတ်ညွှန်းနိဒါန်းပျိုး
^~^~^~^~^~^~^~^~^~^~^~^~^~^~^

မနက်ခင်းအရုဏ်ရဲ့အလင်းက မှန်ပြတင်းကတဆင့်အခန်းထဲဖြာကျလာတယ်ဆိုရင်ပဲ ရှောင်းကျန့်ရဲ့ခပ်ထူထူမျက်ခုံးတန်းတွေလှုပ်ရှားသွားပြီး မြင်လွှာတို့ဖြည်းဖြည်းချင်းပွင့်လာတယ်။

နံရံကနာရီကိုလှမ်းကြည့်တော့ သူခေါ်ထားတဲ့ဓာတ်ပုံဆရာရောက်ဖို့နာရီဝက်အလို။ ခြုံထားတဲ့စောင်ကိုခွာပြီး အိပ်ရာကထလိုက်တယ်။ လက်နှစ်ဖက်ဘေးကိုဆန့်ထုတ်ရင်း ခေါင်းကိုဘယ်ညာတစ်ချက်စီလှည့်ပြီး အညောင်းဆန့်လိုက်တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကဗလာကျင်းနေတဲ့အတွက် အညောင်းအညာပြေလှုပ်ရှားမှုကြောင့် ရုန်းကန်ထကြွလာတဲ့ ကျောပြင်၊ ဝမ်းဗိုက်နဲ့လက်မောင်းသားတွေက ကြွက်သားစိုင်အချို့ကို အတိုင်းသားတွေ့ရတယ်။

အိပ်ရာ‌နိုးကာစအချိန်မှာတောင် ပြီးပြည့်စုံနေတဲ့လူက ကုတင်ပေါ်ကထလာပြီး စားပွဲပေါ်ကဖုန်းကိုလှမ်းယူကြည့်လိုက်တယ်။ ခိုင်းထားတဲ့ကိစ္စတွေ အကုန်လုပ်ပြီးပြီဆိုတဲ့အကြောင်း ယွီပင်းက message ပို့ထားတယ်။ မနေ့ညက မခိုင်းလိုက်ရတဲ့ကိစ္စတစ်ခုကိုသတိရသွားတော့ ဖုန်းချက်ချင်းလှမ်းခေါ်လိုက်တယ်။ ဖုန်းဝင်တဲ့အသံ ငါးကြိမ်မပြည့်ခင်မှာပဲ ယွီပင်းဘက်ကဖုန်းကိုင်တယ်။

"ယွီပင်း ငါသုံးနေကျ အသုံးအဆောင်တွေမှာ လီလီပန်းအနံ့အစား တခြားအဆင်ပြေတဲ့အနံ့တစ်ခုခုနဲ့လဲလိုက်"

သူယွီပင်းကိုစိတ်တိုင်းကျတဲ့အထဲမှာ ဘာကိစ္စပဲတာဝန်ပေးပေး 'ဟုတ်ကဲ့'တစ်လုံးအပြင်ပိုမပြောတာလည်းပါတယ်။ ပြင်သစ်စက်ရုံကနေ သီးသန့်မှာယူပြီးသုံးဖြစ်တဲ့ဒီအနံ့ကို စွန့်လွှတ်ပစ်လိုက်တာက သူအာရုံနောက်ရတာကိုမုန်းလို့။ နှာချေတဲ့အသံက အာရုံနောက်စရာပဲလေ။

ရေချိုးပြီးတော့ ခါးအောက်ပိုင်းကိုတဘက်အဖြူတစ်ထည်ပတ်ပြီး ရေချိုးခန်းထဲကအထွက်မှာပဲ တံခါးခေါက်သံကိုကြားလိုက်ရတယ်။

🖤🤞 BEloved 'CHEATER' 🤞🖤حيث تعيش القصص. اكتشف الآن