[Unicode]
သိပ်လှတဲ့နေဝင်ချိန်ကိုငေးကြည့်နေရတဲ့အခါ
အချိန်တွေရပ်သွားရင်ကောင်းမယ်တဲ့လေ...
နေဝင်ချိန်ကိုငေးကြည့်နေတဲ့
မင်းမျက်နှာလေးကို ထိုင်ငေးနေမည့်လူအတွက်
သိပ်အဆင်ပြေတာပေါ့...
^~^~^~^~^~^~^~^~^~^
အခန်း (၂) : မင်္ဂလာဦးည
^~^~^~^~^~^~^~^~^~^
ခမ်းနားလှပပြီး ခေတ်မှီဆန်းသစ်တဲ့အပြင်အဆင်တွေနဲ့ အဆင့်မြင့်အိပ်ခန်းတစ်ခုမှာ မင်္ဂလာဦးညကိုဖြတ်သန်းရမယ့် သတို့သားအသစ်စက်စက်ကလေး ဝမ်ရိပေါ်...
ရာဇဝင်ဇာတ်လမ်းတွေထဲကလို သူ့ခေါင်းပေါ်မှာအနီရောင်ပုဝါစကြီးအုပ်ပေးမထားတာပဲ ကျေးဇူးတင်ရမယ်။
"ဟတ်... ဟတ်ချိုး! ဟတ်ချိုး!"
တစ်ချိန်လုံးထိန်းထားခဲ့ပေမယ့် အခုတော့ရိပေါ်ဘယ်လိုမှသည်းမခံနိုင်တော့ဘူး။ အဲ့ဒီအနံ့ကသူ့ကို ပွဲချိန်တစ်လျှောက်လုံးဒုက္ခပေးလာတာ။ ထိန်းထားတဲ့စိတ်ကိုလျှောချလိုက်တော့ သူနှာချေတာမရပ်နိုင်တော့ဘူး။
မင်္ဂလာသတို့သားလေးက ကုတင်ပေါ်ထိုင်လိုက်ထလိုက်စိတ်လှုပ်ရှားနေရမယ့်အစား ရိပေါ်ကတော့ ကုတင်ခြေရင်းကြမ်းပြင်က အမွေးအိစက်စက်ကော်ဇောပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း တစ်ရှူးဗူးကိုဖက်တွယ်ထားရတယ်။ နှာရည်တွေစီးကျလွန်းလို့ နှာခေါင်းနှစ်ပေါက်လုံးကို တစ်ရှူးစလေးလိပ်ပြီး ထိုးထည့်ထားရလောက်တဲ့အထိ။
နှာခေါင်းပိတ်နေလို့ ပါးစပ်နဲ့အသက်လုရှူနေတုန်း အပြင်ဘက်ကရှူးဖိနပ်သံကိုကြားတာနဲ့ နှာခေါင်းပေါက်ထဲကတစ်ရှူးစတွေဆွဲနှုတ်ပြီး အဝေးကိုလှမ်းပစ်လိုက်တယ်။ တစ်ရှူးဗူးက ခုံပေါ်ပြန်ထားချိန်မရလို့ ကုတင်အောက်ကိုတစ်ချက်ကန်ထည့်လိုက်တယ်။ ရိပေါ်ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ပုံစံအတိုင်း အတိအကျနေရာယူပြီးတာနဲ့ အခန်းတံခါးပွင့်သွားတယ်။
တံခါးဖွင့်ပြီး သူ့ဆီတစ်လှမ်းချင်းလျှောက်လာတဲ့ ရှောင်းလူကြီးမင်းရဲ့လက်ထဲမှာ ဖိုင်တစ်ခုကိုင်လာတယ်။ သူထိုင်နေတဲ့နေရာရဲ့ဘေးကို ဖတ်ခနဲပစ်ချခံလိုက်ရတဲ့ ဖိုင်အဝါလေးကို ရိပေါ်မျက်လုံးတစ်ချက်စွေကြည့်လိုက်တယ်။
BẠN ĐANG ĐỌC
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
