Chapter - 6 (U, Z)

4.6K 367 12
                                        

[Unicode]

'လိမ္မာရင် မင်းအတွက်ချည်းပဲ' လို့
ကိုယ်မပြောဘူး
ဆိုးသွမ်းနေလည်း မင်းအတွက်ချည်းပဲ
ကိုယ့်မှာ မင်းအပြင်မရှိဘူးလေ...

^~^~^~^~^~^~^~^~^~^~^
အခန်း (၆) : လိုတရဇာတ်ညွှန်း
^~^~^~^~^~^~^~^~^~^~^

မြင်းစီးကွင်းကပြန်ထွက်လာတော့ မွန်းတည့်ချိန်ရောက်နေတာနဲ့ စားသောက်ခန်းဆီကိုတခါတည်း သွားလိုက်ကြတယ်။

သူတို့စားပွဲမှာနေရာယူပြီးတာနဲ့ ချက်ချင်းဆိုသလို စားကောင်းသောက်ဖွယ်ဟင်းပွဲကြီးတွေ လာချပေးတော့တယ်။ အချိန်နည်းနည်းလေးမှကို စောင့်စရာမလိုလိုက်ဘူး။ လူချမ်းသာတွေရဲ့ဘဝက အတော်လေးကွာခြားတာပဲ။

"ရိပေါ် ဘာဖြစ်လို့လဲ ဟင်းတွေကအဆင်မပြေဘူးလား။ ဘာစားချင်လဲပြော ကိုကိုအသစ်ပြင်ခိုင်းလိုက်မယ်"

သူ့အတွေးနဲ့သူမျောပြီး စိတ်ခံစားချက်ကိုအပြင်ဘက်ထုတ်ပြမိတယ်ထင်တယ်။ ထမင်းစားပွဲမှာထိုင်ပြီး မကြည်မလင်မျက်နှာထားဖြစ်နေတော့ သူကဟင်းပွဲတွေကိုအလိုမကျဘူးလို့ ထင်သွားတာဖြစ်ပါလိမ့်မယ်။

"မပြင်ခိုင်းနဲ့တော့ ကိုကို! ကျွန်တော်အဆင်ပြေပါတယ်"

"သေချာလား!"

"သေချာပါတယ် ကျွန်တော်နည်းနည်း အမောမပြေသေးလို့ပါ ကိုကိုစိတ်မပူနဲ့နော်"

"အဲ့ဒါကြောင့် ကိုကိုပြောတာပေါ့။ မြင်းစီးတာတော်ရုံပဲစီးပါဆိုနေ အခုတော့မောနေပြီမလား"

"ကိုကိုကလည်း ကျွန်တော်ကအခုမှမြင်းစစီးဖူးတာ။ ပျော်စရာကောင်းတယ်လေ ပြီးတော့ရှောင်ပိုင်ကလည်း အရမ်းလိမ္မာတော့ချစ်ဖို့ကောင်းတယ်"

"ရှောင်ပိုင်ကိုချစ်လား"

"အင်း ချစ်တယ်"

သဘောရိုးနဲ့ပဲ သူဖြေလိုက်မိတာ ရှောင်းလူကြီးမင်းရဲ့မျက်ခုံးတန်းတွေ တွန့်ချိုးကုန်တော့တယ်။

"ရှောင်ပိုင်ကိုချစ်တာ ချစ်လို့ရပါတယ်။ တစ်ခုပဲ... ကိုကို့ထက်တော့ပိုမချစ်နဲ့"

‌အပြင်လူတွေအနားမှာရှိနေလို့ ပရောပရီစကားတွေပြောနေတာထင်ပါရဲ့။ ရှောင်းလူကြီးမင်းက အချစ်ရေးကိစ္စတွေမှာ ဘာအရှုပ်အရှင်းမှမရှိဘဲ တစ်ကိုယ်တည်းအေးအေးဆေးဆေးနေခဲ့ပါတယ်ဆိုတဲ့ သတင်းတွေကို သူသံသယဝင်နေမိပြီ။ စကားလုံးတွေလား သံကြိုးတွေလားမသဲကွဲတော့ဘူး။ ချည်ပုံချည်နည်းတွေက အံ့မခန်းပဲ။ ဘာပြန်ပြောရမှန်းမသိတော့ ခပ်ရေးရေးပဲပြုံးပြဖြစ်တယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Donde viven las historias. Descúbrelo ahora