[Unicode]
လပ်ဗ်ဗိုင်းရပ်စ်
နှလုံးသားကို တတိတိစားရင်း
ရောဂါတွေတိုးတိုးလာတယ်
ကုရာနတ္ထိဆေးမရှိ...^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၁၃) : ဇာတ်ညွှန်းအပိုင်းအစများ
^~^~^~^~^~^~^~^~^~^~^~^~^~^'ဒေါက် ဒေါက်'
တံခါးနှစ်ချက်လောက်ခေါက်ပြီး သူတစ်ခါမှမရောက်ဖူးတဲ့ ပါးရဲ့စာကြည့်ခန်းထဲဝင်သွားလိုက်တယ်။
"ပါး.."
"မင်း မာမားအိပ်သွားပြီလား"
"အင်း အိပ်သွားပြီ"
"လူတွေကအသက်ကြီးလာရင် ကလေးပြန်ဖြစ်သွားတတ်တယ်တဲ့။ လူငယ်ဖြစ်တဲ့မင်းကပဲ မင်းမာမားကိုနားလည်သည်းခံပေးလိုက်ပါကွာ"
မအိပ်ခင်ကုတင်ဘေးမှာထိုင်ပြီး စာအုပ်ဖတ်ပြခိုင်းတဲ့ မားရဲ့တောင်းဆိုမှုကို ရိပေါ်ငြိုငြင်မှာစိုးလို့ ပါးကစကားခံရှာတယ်။
"သားကလိုလိုလားလားလုပ်ပေးချင်တာပါ။ အခုလို မားကိုပြုစုနိုင်မယ့်အခွင့်အရေးကိုပေးခဲ့တဲ့အတွက်လည်း ပါးကိုတကယ်ကျေးဇူးတင်တာပါ။ ဘဝရဲ့တစ်ခုတည်းသောကွက်လပ်ဖြစ်တဲ့ မိသားစုဆိုတဲ့အရာကို ပိုင်ဆိုင်နေရမှတော့ ဘာမှထပ်ပြီးစောဒကတက်စရာမရှိတော့ပါဘူး"
ပါးကသူ့ပခုံးကိုသုံးချက်လောက်ပုတ်ပြီး အားပေးရှာတယ်။
"ဪ ဒါနဲ့ မင်းသိချင်တဲ့အလုပ်ကိစ္စက..."
ပါးရဲ့စာကြည့်ခန်းကိုလာခဲ့ရတဲ့ အဓိကအကြောင်းအရင်းဆီကို ပြန်ဦးတည်လိုက်တယ်။
"ပါးရဲ့လုပ်ငန်းထဲမှာ ငွေလည်ပတ်မှုမူမမှန်တာကိုသတိထားမိလို့ စစ်ဆေးကြည့်တော့ ဒီအတိုင်းထိုင်နေရတဲ့မြေလွတ်မြေရိုင်းတွေ အများကြီးတွေ့ရတယ်။ ပါး အဲ့ဒီမြေရိုင်းတွေကိုတစ်ခုခုလုပ်ဖို့များ ရည်ရွယ်ချက်ရှိခဲ့လားလို့သိချင်တာပါ"
"သား ရိပေါ်! ပါးရဲ့လုပ်ငန်းလို့မသုံးပါနဲ့ အခုဝမ်လုပ်ငန်းစုကသားလက်ထဲမှာပါ။ အဲ့ဒီတော့သားရဲ့လုပ်ငန်းပါပဲ"
လုပ်ငန်းစုရဲ့နာမည်ကို 'ဝမ်' ဆိုတဲ့နာမည်ကလွဲလို့ ကျန်တာမဖြစ်ရဘူးဆိုပြီး အတ္တသိပ်ကြီးတဲ့ ဝမ်ဥက္ကဌကြီးကလည်း လုပ်ငန်းစုတစ်ခုလုံးကိုသူစိမ်းတစ်ယောက်ရဲ့လက်ထဲထည့်လိုက်ရဖို့အတွက်တော့ အဆင်ပြေတယ်တဲ့လား။ ကိုကို့ရဲ့အရှိန်အဝါတွေကများ ဖိအားဖြစ်စေတာလားလို့ ရိပေါ်စဉ်းစားမိလိုက်တော့လည်း စိတ်ထဲမကောင်းပြန်ဘူး။
VOUS LISEZ
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple