Chapter - 21 (U,Z)

4.2K 315 16
                                        

[Unicode]

ချိုမြိန်ခြင်းလက်ဆောင်ဆိုတာ
ယစ်မူးခြင်းအရသာနဲ့
မင်းနှုတ်ခမ်းက Ice cream...

^~^~^~^~^~^~^~^~^~^~^
အခန်း (၂၁) : အိပ်မက်ချိုချို
^~^~^~^~^~^~^~^~^~^~^

'ပေစန်း' က ပြန်ရောက်လာတာနဲ့ သူ့အစီအစဉ်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ကိုကိုနဲ့ပိုင်ယွိကိုတိုင်ပင်ပြီး လုပ်စရာရှိတာတွေအားလုံးကို တစ်ဆင့်ချင်းသေသေချာချာ အာရုံစိုက်ပြီးလုပ်ဖြစ်ခဲ့တယ်။ ကျောင်းဖွင့်ရက်တွေတောင် ကျောင်းသေချာမသွားနိုင်ဘဲ အလုပ်ကိစ္စတွေနဲ့ပဲ နပန်းလုံးနေရတယ်။

ချန်ဖေးယွီကတောင် သူ့ကိုနောက်သေးတယ်။ ဘီလီယံနာသူဌေးကိုယူထားတာနဲ့တင် မကျေနပ်နိုင်သေးဘဲ ကိုယ်တိုင်ဘီလီယံနာဖြစ်အောင်လုပ်တော့မှာလားတဲ့လေ။ ပြောလည်းခံရုံပဲ သူ့ဝမ်းနာသူပဲသိတယ် ဘီလီယံနာဖြစ်ဖို့ကနောက်ထားဦး လောလောလတ်လတ်ကို သူတစ်ပြားမှမသုံးထားတဲ့ငွေတွေကသန်းနဲ့ချီပြီးအကြွေးဆပ်ရဦးမယ်။

လေပူတစ်ချက်မှုတ်ထုတ်ပြီး လျှော်လက်စခေါင်း‌ပေါ်ကဆပ်ပြာမြှုပ်တွေကိုမြန်မြန်ရေဆေးချလိုက်တယ်။ အခုတလော စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အလုပ်ကိစ္စပဲခေါင်းထဲနေရာယူနေတော့တာ။ သူ တစ်ခါမှမကြုံခဲ့ဖူးတဲ့စိန်ခေါ်မှုအကြီးကြီးဖြစ်နေတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ။

ခါးမှာတဘက်ဖြူတစ်ထည်ပတ်ပြီး ရေချိုးခန်းထဲကထွက်လာတော့ မှန်ရှေ့မှာရပ်နေတဲ့ကိုကိုက နောက်လှည့်ကြည့်ပြီးသူ့ကိုပြောလာတယ်။

ခါးမှာတဘက်ဖြူတစ်ထည်ပတ်ပြီး ရေချိုးခန်းထဲကထွက်လာတော့ မှန်ရှေ့မှာရပ်နေတဲ့ကိုကိုက နောက်လှည့်ကြည့်ပြီးသူ့ကိုပြောလာတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အဝတ်အစားထုတ်ပေးထားတယ် ပြင်ဆင်ပြီးရင်ဆင်းလာခဲ့ ကိုယ်အောက်ထပ်မှာစောင့်နေမယ်"

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now