[Unicode]
အလွမ်းခါးခါးတွေကို စတော်ဘယ်ရီနဲ့မျောချ
ပြန်မလွှတ်နိုင်တော့တဲ့ နှုတ်ခမ်းတစ်စုံကိုတော့
အိပ်မက်ထဲအထိ အပါခေါ်သွားမယ်...^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄၆) : အခြေအမြစ်မရှိတဲ့ သတင်း
^~^~^~^~^~^~^~^~^~^~^~^~^~^~^ပဲရစ်ရဲ့ ညနေခင်းက လေထုထဲမှာတောင် ချစ်ခြင်းအငွေ့အသက်တွေထုံမွမ်းနေသလိုပဲ။ အထူးသဖြင့် ခုံတန်းရှည်လေးမှာထိုင်နေတဲ့ ရှောင်းကျန့်ရဲ့တစ်ဦးတည်းသောလေးကြောင့်ဖြစ်လိမ့်မယ်။
မျက်စိရှေ့ကိုသွားခွင့်မရှိသေးလို့ အဝေးတစ်နေရာကနေပဲလှမ်းငေးကြည့်နေခဲ့တယ်။ နင့်နင့်သည်းသည်းလွမ်းနေခဲ့ရတဲ့ ဘဝရဲ့မူပိုင်ရှင်လေးကိုငေးကြည့်နေရင်းနဲ့ ပိုပိုလွမ်းလာသလိုပဲ။ မြင်နေလျက်နဲ့လွမ်းနာကျရတဲ့ခံစားချက် လွန်ခဲ့တဲ့နှစ်တွေကအတိုင်းမပြောင်းလဲသေးဘူး။ လုံလောက်တဲ့အင်အားတစ်ခုမရှိခင် ကောင်လေးကိုအဝေးကငေးကြည့်ရုံနဲ့တင်းတိမ်အောင်ကြိုးစားခဲ့ရတဲ့ အတိတ်ကနေ့ရက်တွေအတိုင်း အလွမ်းတွေဟာခါးသက်နေဆဲပါပဲ။
ငေးကြည့်နေရင်း ခေါင်းကိုဟိုဒီလှည့်လို့ ပတ်ဝန်းကျင်ကိုစူးစမ်းနေတဲ့ကောင်လေးကြောင့် ရှောင်းကျန့်မှာသစ်ပင်ရဲ့အကွယ်ကိုအမြန်ပုန်းလိုက်ရသေးတယ်။ တအောင့်ကြာလို့ကောင်လေးကိုပြန်ကြည့်မိတော့ တစ်နေရာတည်းကိုငေးနေပေမဲ့ တစ်ခုခုကိုတွေးနေသလိုမျိုးပဲ။ တစ်ချိန်တည်းမှာပဲ လမ်းတစ်ဘက်ကရေခဲမုန့်လှည်းလေးမှာ ရေခဲမုန့်ဝယ်နေကြတဲ့ကလေးလေးတွေကို ရှောင်းကျန့်သတိထားမိသွားတယ်။
ရုတ်တရက်စိတ်ကူးရတာနဲ့ စတော်ဘယ်ရီရေခဲမုန့်တစ်ခုဝယ်ပြီး ရိပေါ်ရဲ့လက်ထဲထည့်ပေးဖို့ ကလေးလေးတွေကိုရေခဲမုန့်ဝယ်ကျွေးပြီး အကူအညီတောင်းလိုက်တယ်။ ကလေးလေးတစ်ယောက်က ရေခဲမုန့်လေးယူပြီး မြန်မြန်ဆန်ဆန်ပဲရိပေါ်ဆီကို ချက်ချင်းပြေးသွားတယ်။ ရိပေါ်က ကလေးလေးပေးသွားတဲ့ရေခဲမုန့်လေးကိုကြည့်ပြီးပြုံးသွားတယ်။ ကိုယ့်ကောင်လေးက ကိုယ်ယူသွားတဲ့ပထမဆုံးအနမ်းကိုပြန်တွေးနေတာပဲဖြစ်မယ်။

ESTÁS LEYENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanficအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple