[Unicode]
ကံတရားဆိုတာ တစ်ခါခါသိပ်ရယ်ရတယ်
ဖန်တီးပေးပြီးမှလည်း ပြန်ဖျက်ဆီးတတ်တယ်...
^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃၅) : သတင်းစာရှင်းလင်းပွဲ
^~^~^~^~^~^~^~^~^~^~^~^~^
ပိုင်ယွိမောင်းနေတဲ့ကားလေးက အဝေးပြေးလမ်းမထက်မှာတရိပ်ရိပ်ပြေးနေတယ်။ အခုရိပေါ်ရဲ့စိတ်ထဲမှာ အရမ်းပဲရှုပ်ထွေးနောက်ကျိနေတယ်။ ဖြစ်လာတဲ့ပြဿနာကို သူဘယ်လိုကိုင်တွယ်ရပါ့မလဲ။
သတင်းစာမျက်နှာတွေအထက်မှာ ပျံ့နှံ့နေတဲ့သူ့ရဲ့ဓာတ်ပုံတွေ အတိအကျပြောရမယ်ဆိုရင် 'ဝမ်ရှန့်' ဘဝနဲ့ရှင်သန်ခဲ့စဉ်အချိန်က မှတ်တမ်းကျန်နေရစ်ခဲ့တဲ့ဓာတ်ပုံတချို့ပေါ့။ ဥပမာအနေနဲ့ အချိန်ပိုင်းအလုပ်အဖြစ် စားသောက်ဆိုင်အရောင်းမြှင့်တင်ရေးအတွက် ပန်ဒါဝတ်စုံဝတ်ပြီးဖျော်ဖြေပေးခဲ့တဲ့အချိန်က ဘဝတူဝန်ထမ်းလေးတွေစုပြီး အမှတ်တရအဖြစ်ရိုက်ထားတဲ့ပုံ၊ ကော်ဖီဆိုင်တစ်ဆိုင်မှာစားပွဲထိုးလုပ်ခဲ့တုန်းက ရုပ်ချောချောစားပွဲထိုးကောင်လေးဆိုပြီး ဆိုင်လာထိုင်တဲ့အမျိုးသမီးဧည့်သည်အချို့ရဲ့လက်ဆော့မှုကြောင့် လူမှုကွန်ယက်မှာခဏလောက်ရေပန်းစားသွားခဲ့တုန်းကပုံတွေ စတဲ့စတဲ့ အချိန်နေရာအတိအကျတွေနဲ့ သူ့ရဲ့နောက်ကြောင်းကိုပေါ်သွားစေနိုင်တဲ့ ပုံတွေနဲ့စာတွေ...
ဘယ်လိုလူကများ အားသွန်ခွန်စိုက်နဲ့ သူ့နောက်ကြောင်းတွေကိုကြိုးစားပမ်းစားဖော်ထုတ်လိုက်ရတာလဲ။ သူ့ကိုပျက်စီးရာပျက်စီးကြောင်းရည်ရွယ်ပြီး တိုက်ခိုက်ထိုးနှက်ဖို့အတွက် ဘယ်လိုအကြောင်းပြချက်များရှိနေတာတဲ့လဲ။ သူ့မှတ်ဉာဏ်ထဲမှာတော့ သူ့ဘက်ကစပြီးတစ်စုံတစ်ယောက်ကိုပြစ်မှားခဲ့မိတာမျိုးတော့ မရှိခဲ့တာအသေအချာပါပဲ။
တောင်စဉ်ရေမရအတွေးတွေနဲ့ တုန်လှုပ်ခြောက်ခြားမှုတွေကြောင့် သူအခုရူးရူးမိုက်မိုက်အတွေးတွေအထိပါ တွေးမိနေပြီ။ သူတွေးကြည့်မိတယ် အကယ်၍များအခုအိမ်အပြန်လမ်းမှာ မတော်တဆမှုတစ်ခုခုကြုံပြီး အရာရာကိုရင်ဆိုင်စရာမလိုတော့ဘဲ သူ့ရဲ့ခန္ဓာနဲ့ဝိဉာဉ်အလုံးစုံချုပ်ငြိမ်းသွားရင် ဘယ်လောက်များအဆင်ပြေလိုက်မလဲ။
ВЫ ЧИТАЕТЕ
🖤🤞 BEloved 'CHEATER' 🤞🖤
Фанфикшнအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
