Chapter - 22 (U,Z)

4K 302 8
                                        

[Unicode]

ရေလောင်းပေါင်းသင်ပြီး
တယုတယစိုက်ပျိုးခဲ့တာ
ခူးယူလိုက်ဖို့ထက်
‌မင်းအလှနဲ့ မင်းတင့်တယ်နေတာ
ခပ်ပြုံးပြုံးလေးထိုင်ကြည့်ချင်ရုံပဲ...

^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း ( ၂ ၂) : ကြိုးဝိုင်းအတွင်း ခြေချခြင်း
^~^~^~^~^~^~^~^~^~^~^~^~^~^~^

သပ်သပ်ရပ်ရပ်ဖြစ်နေပြီးသား Suit ကို မှန်ကြည့်ရင်းအထပ်ထပ်ပြန်စစ်ဆေးနေမိတယ်။ ဒီနေ့က သိပ်အရေးကြီးတဲ့နေ့။ ဒါကြောင့် ဘယ်နေရာမှလွဲချော်လို့မဖြစ်ဘူး။

"စိတ်လှုပ်ရှားနေလား"

အနောက်တည့်တည့်မှာလာရပ်ပြီး သူ့ပခုံးနှစ်ဖက်ကိုခပ်ဖွဖွညစ်လို့ လေသံအေးအေးနဲ့ပြောလာသူကို မှန်ထဲကတစ်ဆင့်အကြည့်ပို့လိုက်တယ်။

"အင်း... နည်းနည်း"

"အများကြီးလျှောက်မတွေးနဲ့ မင်းလုပ်နိုင်မယ်ဆိုတာ ကိုယ်အပြည့်အဝယုံတယ်"

နောက်ကျောပေးထားရာက မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး ရင်ခွင်ထဲခေါင်းတိုးဝင်ပစ်လိုက်တယ်။ သူက ပင်ပင်ပန်းပန်းအလုပ်သွားလုပ်မှာဆိုတော့ မသွားခင်အားလေးတော့အပြည့်သွင်းသွားမှဖြစ်မယ်။

ခါးကိုလက်နှစ်ဖက်နဲ့တင်းနေအောင်ဖက်၊ ဘယ်ဘက်ရင်အုံမှာမျက်နှာတစ်ခြမ်းဖိကပ်ထားပြီး တောက်တဲ့တစ်ကောင်လိုပြုမူနေတဲ့ ရိပေါ်ကို ကိုကိုကလည်း နောက်ကျောလေးခပ်ဖွဖွပုတ်ပေးရင်း အားပေးနေရှာတယ်။

"သွားသင့်တဲ့အချိန်ရောက်နေပြီနော်"

"ခဏလေး ကိုကို နောက်နှစ်မိနစ်လောက်ပဲ! ကျွန်တော်အားမပြည့်သေးဘူး..."

ကိုကို့ရဲ့ကိုယ်သင်းနံ့က သူ့အတွက် Daily Vitamin လိုပါပဲ။

ဒီနေ့တော့ ပိုင်ယွိကသူ့ကိုအိမ်အထိလာကြို‌ပေးတယ်။ ကိုကိုက သူကားပေါ်တက်တဲ့အချိန်ထိ ဘေးမှာနေပေးတယ်။ သူ့မျက်ဝန်းတွေထဲ စူးစိုက်ကြည့်ရင်း သူ့ကိုယုံ‌ကြည်ကြောင်း အလေးအနက်ထားပြီး ထပ်ပြောလာတယ်။

Wang Group ရဲ့ရုံးချုပ်က အစည်းအဝေးခန်းထဲကို အစည်းအဝေးစတင်မယ့်အချိန်ထက် ဆယ့်ငါးမိနစ်စောပြီး သူရောက်သွားတယ်။ ကာလအတိုင်းအတာတစ်ခုကြာခဲ့တော့ တော်တော်များများက ဝမ်ရိပေါ်ဆိုတဲ့သူ့ကို ဥက္ကဌအဖြစ်လက်ခံလာကြပြီး သူ့အပေါ်လေးစားမှုတော့ရှိလာကြတယ်။ အခုလည်း တချို့တလေကလွဲပြီး ရှယ်ယာတွေဝင်နဲ့ ရာထူးကြီးပိုင်းကဝန်ထမ်းအားလုံးနီးပါးက သူ မရောက်ခင်တည်းက အစည်းအဝေးခန်းမထဲမှာ ကြိုရောက်နှင့်နေကြတယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now