Chapter - 18 (U,Z)

4.4K 383 23
                                        

[Unicode]

ချစ်ခြင်းမှာ ကြိုက်တဲ့ပုံစံနဲ့ပျော်ဝင်ပါ
မင်းရဲ့မရင့်ကျက်ခြင်းတွေပါ ချစ်တာမို့...

^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၁၈) : နှင်းဆီရောင် တနင်္ဂနွေည
^~^~^~^~^~^~^~^~^~^~^~^~^~^

လက်ကဒဏ်ရာကိုအကြောင်းပြုပြီး ရိပေါ်ရုံးမတက်ရတာသုံးရက်ရှိနေပြီ။ ရုံးမတက်ရလို့ အလုပ်ကြွေးတွေပိနေမှာတော့ စိုးရိမ်စရာမလိုဘူး။ ပိုင်ယွိက အစစအရာရာသေချာစီမံပေးသလို လက်မှတ်ထိုးဖို့လိုအပ်တဲ့ အရေးကြီးစာရွက်စာတမ်းတွေကိုလည်း အိမ်တိုင်ရာရောက်ယူလာပေးရှာတယ်။

သူ့လက်ကဒဏ်ရာနဲ့မလို့ လက်မှတ်ထိုးဖို့အဆင်ပြေပါ့မလား ဆိုတာကိုလည်း နည်းနည်းမှစိတ်ပူစရာမရှိပါဘူး။ ဥက္ကဌ(ကိုယ်စား) "ရှောင်းကျန့်" ဆိုပြီး ကိုကို့လက်မှတ်လေးတစ်ချက်နဲ့တင် အရာရာကချောချောမွေ့မွေ့ပါပဲ။ Wang Group မှာ ဘာရာထူးမှမယူထားဘဲ ဥက္ကဌရဲ့အမျိုးသားဆိုတဲ့ပတ်သတ်မှုလေးတစ်ခုနဲ့ပဲ ကိုကို့ရဲ့လက်မှတ်ကတရားဝင်ဖြစ်နေတာဆိုလည်းမမှားပေမယ့် ဒါသည် 'ရှောင်းကျန့်' ဖြစ်နေလို့ဆိုတဲ့ ယုံကြည်ကိုးစားခြင်းက အလေးပိုသာလိမ့်မယ်။

သူရုံးမတက်ရတာနဲ့ ကိုကိုကပါရုံးမတက်တော့ဘူး။ ကိုယ်တိုင်စားဖို့သောက်ဖို့အဆင်မပြေတဲ့သူ့ကို ဂရုတစိုက်နဲ့အစစအရာရာတာဝန်ယူပေးနေတာ ကိုကိုပါပဲ။

ဒီနေ့မနက်တော့ မတွေ့လို့မဖြစ်တဲ့ အရေးကြီးပုဂ္ဂိုလ်တွေနဲ့တွေ့ဖို့ ကိုကိုကယွီပင်းကောနဲ့အတူထွက်သွားကြတယ်။ အိမ်တော်ထိန်းလီကလည်း တစ်လစာလိုအပ်တာတွေဝယ်ဖို့ ဈေးဝယ်စင်တာကိုထွက်သွားတော့ ရိပေါ်အတွက်မဟာအခွင့်အရေးကြီးရသွားတယ်။

အိမ်တော်ထဲကထွက်လာပြီး ခြံထဲကစကိတ်ကွင်းဆီ အပြေးသွားလိုက်တယ်။ လမ်းတလျှောက်မှာတွေ့တဲ့ကောင်လေးတွေကလည်း သူ့ကို'သခင်လေး'ဆိုပြီး ဦးညွှတ်နှုတ်ဆက်ရုံကလွဲပြီး ဘာမှမပြောရဲကြဘူး။

သူအကြိုက်ဆုံးစကိတ်တစ်ခုကိုဆွဲပြီး ကွင်းထဲဝင်သွားလိုက်တယ်။ ကိုကိုသာအနားမှာရှိနေရင် အကာအကွယ်တွေဝတ်ဦးလို့ သေချာပေါက်သတိပေးလိမ့်မယ်။ သူကတော့ ကိုကိုသတိပေးမှဝတ်ဖြစ်တဲ့ အဲ့ဒီဒူးကာဘာညာကို ယောင်လို့တောင်လှည့်မကြည့်ဖြစ်ဘူး။ သူဒဏ်ရာရသွားလည်း ပြုစုပေးမယ့်ကိုကိုရှိနေတာပဲလေ။

🖤🤞 BEloved 'CHEATER' 🤞🖤Tempat cerita menjadi hidup. Temukan sekarang