Chapter - 40 (U,Z)

3.2K 249 36
                                        

[Unicode]

မင်းကိုတွန်းချမည့်လက်တွေအတွက်
'သက်ညှာခြင်း' ဆိုတဲ့စကားလုံး
ကိုယ့်အဘိဓာန်မှာမရှိဘူး...

^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄၀) : တန်ပြန်သက်ရောက်မှု
^~^~^~^~^~^~^~^~^~^~^~^~^

ရိပေါ် ခုတင်ဘေးကခုံရှည်လေးမှာထိုင်ပြီး အောက်စီဂျင်ပေးထားရတဲ့ပါပါးကို ခပ်တွေတွေလေးကြည့်နေမိတယ်။ အဖြစ်မှန်တွေကိုကြားလိုက်ရတာနဲ့ပဲ ဒီလောက်ထိစိတ်ထိခိုက်သွားရတယ်တဲ့လား။ အမှန်တကယ်ဆို လူကြီးတွေရဲ့လောဘဒေါသမောဟတွေကြောင့် ကြားထဲကသူကမြေစာပင်ဖြစ်ခဲ့ရတာမဟုတ်လား။

ရှင်သန်လာတဲ့ဘဝတစ်လျှောက်လုံး ခက်ခဲပင်ပန်းခြင်းတွေအမျိုးမျိုးကြုံခဲ့ရတဲ့အပြင် စိတ်လိုလက်ရနဲ့မက်မက်မောမောတည်ဆောက်ချင်ခဲ့တဲ့ ချစ်ခြင်းအိမ်ငယ်လေးတောင်မှ မမျှော်လင့်ထားတဲ့လှည့်ကွက်တွေကြောင့် အက်ကွဲကြောင်းတွေလည်းပေါ်လာရပြန်တယ်။

ကျိန်းစပ်နေတဲ့မျက်လုံးနှစ်ဖက်ကို လက်ဖနောင့်နဲ့ဖိအုပ်ထားလိုက်တယ်။ ပါးကိစ္စဖြစ်ကတည်းက သူတစ်ရေးမှမမှေးဖြစ်သေးဘူး။ ဖြစ်နိုင်ရင် ပါးကိုအမြန်သတိရလာစေချင်တယ်။ တစ်စုံတစ်ယောက်အပေါ်ကို ဒီထက်ပိုပြီးအပြစ်မတင်ချင်ဘူး။

အနည်းငယ်အညောင်းအညာပြေသွားတော့မှ မျက်လုံးပြန်ဖွင့်လိုက်တယ်။ သူ့ကိုဆီးကြိုနေတာက သူတဖွဖွဆုတောင်းနေတဲ့မြင်ကွင်းပဲ။ ပါးကမျက်လုံးလေးခပ်ကျဉ်းကျဉ်းပွင့်နေပြီး သူ့ကိုစိုက်ကြည့်နေရှာတယ်။ ပါးကိုသေချာပြန်ကြည့်လိုက်တော့ ပါးရဲ့မျက်လုံးထောင့်စွန်းလေးကနေစီးကျနေတဲ့မျက်ရည်စီးကြောင်းလေးကြောင့် ရိပေါ်ရုတ်တရက်စိတ်ပူသွားတယ်။

"ပါး!.. ဘာဖြစ်လို့လဲဟင် ဘယ်နားနေရတာအဆင်မပြေလို့လဲ"

ရုတ်တရက်ထူပူသွားတဲ့စိတ်ကြောင့် 'ပါးကိုဘာဖြစ်တာလဲ' ဆိုတဲ့မေးခွန်းကိုပဲ ထပ်တလဲလဲမေးမိတယ်။ သူ့ကိုကြည့်ပြီး မျက်ရည်တွေပဲဆက်တိုက်ကျနေတဲ့ပါးကြောင့် ရိပေါ်ကိုယ်တိုင်ပါငိုချင်လာတယ်။

"ဟာ... ဦးလေးဝမ်သတိရလာပြီ! ငါဆရာဝန်သွားခေါ်လိုက်ဦးမယ်..."

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now