Chapter - 34 (U,Z)

2.7K 229 18
                                    

[Unicode]

'လက်မလွှတ်နိုင်ဘူး'လို့
တဖွဖွရေရွတ်နေတဲ့တစ်ချိန်ထဲမှာပဲ
လက်လွှတ်နိုင်ဖို့အသင့်ပြင်ထားရတယ်
ကံကြမ္မာဟာ စေရာလားမယ့်ပုဂ္ဂိုလ်မှမဟုတ်ဘဲ...

^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃၄) : သွေးတက်စေတဲ့သတင်း
^~^~^~^~^~^~^~^~^~^~^~^~^~^

"ကိုကို ညကအိပ်ပျော်ရဲ့လား"

(မင်းကိုလွမ်းလို့ထင်ပါတယ် အိပ်မပျော်ဘူး)

"ကျွန်တော်ရောပဲ"

မနက်စာစားရင်း ကိုကိုနဲ့ဖုန်းပြောနေတယ်။ ဘေးကဖန်ခွက်ထဲကိုနွားနို့လာထည့်ပေးတဲ့ အိမ်တော်ထိန်းလီကရိပေါ်ရဲ့မျက်နှာကိုတစ်ချက်ကြည့်ပြီး ပြုံးတုံ့တုံ့လုပ်နေတယ်။

"အိမ်တော်ထိန်းလီ ကျွန်တော့်ကိုတစ်ခုခုများပြောစရာရှိလို့လား"

"မရှိပါဘူးဗျာ... သခင်လေးရဲ့မျက်နှာကြည်ကြည်လင်လင်လေးကို သဘောကျလို့ငေးနေမိတာပါ"

(အိမ်တော်ထိန်းလီ! တော်ရုံပဲကောင်းမယ်နော်)

တစ်ဖက်ကကိုကို့ရဲ့ရှာလကာရည်နံ့သင်းနေတဲ့စကားသံခပ်မာမာထွက်လာတယ်။

"မတော်နိုင်ပါဘူးဗျာ... သခင်ကြီးမသိလို့ ဒီရက်ပိုင်းသခင်လေးကတကယ်ကိုပိုပိုပြီးကြည့်ကောင်းလာတာ။ ကျွန်တော့်လိုအိမ်မှာအမြဲမြင်နေရတဲ့လူတောင် ကြည့်မဝတာ အပြင်မှာခဏလေးပဲတွေ့ရတဲ့သူတွေဆိုဘယ်လိုနေမလဲမသိဘူး.."

အိမ်တော်ထိန်းလီက မီးကိုရှယ်ပလန်နဲ့မွေးပေးသွားပြီး မီးဖိုခန်းထဲလှုပ်စိစိနဲ့ပြန်ဝင်သွားလေရဲ့။ ရိပေါ် မရဲတရဲနဲ့ screen ပေါ်ကကိုကို့မျက်နှာလေးကိုအကဲခတ်လိုက်တယ်။ ‌ထင်တဲ့အတိုင်းမျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးထားနှင့်တဲ့ကိုကိုက သူလှည့်ကြည့်လာတာလည်းမြင်ရော သူ့ပုံစံကိုအကဲခတ်သလိုမျက်စံလေးတွေဘယ်ညာအထက်အောက်ပြေးလွှားသွားတယ်။

(ရိပေါ်! ဘာလို့အရမ်းကြည့်ကောင်းအောင်ဝတ်စားထားတာလဲ)

ရိပေါ်ဘုရားတလိုက်မိတယ်။ ရုံးတက်ချိန်ဝတ်လေ့ရှိတဲ့ဒီအဝတ်အစားဟာ ‌သပ်သပ်ရပ်ရပ်ရှိတာကလွဲပြီး ဘာမှအထူးတလည်ပြင်ဆင်ထားတာမျိုးမရှိခဲ့ဘူးလေ။ ပြောရမယ်ဆိုဒီနေ့ပေစန်းအထိကားမောင်းသွားရမှာမို့ ပေါ့ပေါ့ပါးပါးဖြစ်ချင်လို့ဆံပင်ကိုတောင်ဆီမလိမ်းထားဘူး။

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now