Chapter - 36 (U,Z)

2.9K 243 26
                                        

[Unicode]

ကိုယ့်စွန်ငယ်
ခပ်မြင့်မြင့်မှာအလှပဆုံးဝဲနိုင်ဖို့
ကိုယ် ကိုယ်တိုင်ကြိုးဆွဲလို့ထိန်းပါရစေ...

^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၃၆) : ခေါင်းတည့်တည့် မိုးကြိုးပစ်တဲ့နေ့
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^

"ဟဲလို ကျိုးချန်!"

(ပွဲကြည့်ပြီးသွားပြီလား...)

"အင်း အခုပဲငါမင်းဆီဖုန်းဆက်တော့မလို့"

(ဘာဖြစ်လို့အခုမှလဲ... ငါကတော့ ပြဿနာတွေစတက်လာကတည်းက မင်းငါ့ဆီဆက်လာမယ်ထင်ထားတာ)

"ငါ... ငါ..."

(ဘာလို့လဲ ဝမ်ရှန့် မင်းအရမ်းစိုးရိမ်နေခဲ့တာလား)

"အင်း ငါ ... အရမ်းစိုးရိမ်တယ် ကိုကိုငါ့ကိုစိတ်နာသွားမှာလားဟင်! ငါတကယ်စိုးရိမ်နေပြီ... ငါဘယ်လိုလုပ်ရမလဲဟင် ကျိုးချန်! ငါ့ကိုပြောပါဦးငါဘယ်လိုလုပ်သင့်လဲ"

(ဝမ်ရှန့်ရာ... မင်းကွာ! ခံစားနေရမည့်လူကမင်းမဖြစ်ရဘူးလေ ဟာကွာ တောက်!)

ကလေးဘဝတည်းကလည်ပင်းဖက်‌ပေါင်းပြီး အတူကြီးပြင်းလာခဲ့သူတွေဖြစ်နေလို့ ကျိုးချန်တစ်ယောက်ကိုတော့ သူ့ခံစားချက်အစစ်အမှန်တွေကို မတွန့်ဆုတ်ဘဲဖွင့်ဟမိခဲ့တယ်။ ကျိုးချန်ကသူ့အတွက်စိတ်ပူနေမှာကိုသိပေမဲ့ အခုလိုဒေါသသံတွေပါနေတာကိုတော့ သူသိပ်နားမလည်ဘူး။

"ဒါ... ဒါနဲ့လေ ကျိုးချန် ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ချပြသွားတဲ့စာရွက်စာတမ်းနဲ့ဓာတ်ပုံတွေက ဘယ်သူ့လက်ချက်လဲဟင်။ မင်း... မင်းနဲ့ပါပါးတို့ကြံစည်ထားတာမဟုတ်လား။ ကိုကိုကဒီအတိုင်း... ဒီအတိုင်းမင်းတို့ပေးတဲ့အချက်အလက်တွေသုံးပြီး ပြဿနာကိုရှင်းခဲ့တာမဟုတ်လား။ တကယ်တော့ ကိုကိုကအဖြစ်မှန်တွေကို မသိသေးဘူးမဟုတ်လား ဟင်! ကျိုးချန်ငါ့ကိုဖြေပါ ကိုကိုဘာမှမသိသေးဘူး ဟုတ်တယ်မဟုတ်လား!"

(မင်း ငါ့ဆီကဘယ်လိုအဖြေကိုကြားချင်တာလဲ)

"ကိုကိုမသိသေးပါဘူးနော် ကျိုးချန် ကိုကိုက..."

(ဝမ်ရှန့်! မင်းကိုယ့်ကိုယ်ကိုယ်ညာနေတာပဲ... အရင်ကငါသိခဲ့တဲ့ဝမ်ရှန့်ကဒီလိုမဟုတ်ပါဘူး။ မင်းစိတ်ကိုမင်းထိန်းစမ်းပါ။ ငါဘယ်တုန်းကမှ မင်းနာကျင်ခံစားရမှာကို မမြင်ချင်ခဲ့ဘူး။ ဒါပေမဲ့အဖြစ်မှန်တွေဟာ တစ်ချိန်မဟုတ်တစ်ချိန်တော့ပေါ်လာမှာပဲလေ။ ဟူး.. ငါတောင်းပန်တယ်ဝမ်ရှန့် ငါတကယ်စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ အဖြစ်မှန်တွေမင်းသိသွားတဲ့အခါ ငါ့ကိုခွင့်မလွှတ်နိုင်ဘူးဆိုရင်လည်း ငါ့မှာဘာမှပြောစရာမရှိပါဘူး)

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now