[Unicode]
အသွားအပြန် နိယာမကိုမေ့ထားလိုက်
မင်းကိုပေးထားမိတဲ့ အကြင်နာတွေက
ကိုယ့်သဘောနဲ့ကိုယ်ပါ...^~^~^~^~^~^~^~^~^~^~^~^
အခန်း (၇) : အိမ်တော်သခင်လေး
^~^~^~^~^~^~^~^~^~^~^~^ရှောင်းကျန့်ကိုယ်တိုင်မောင်းလာတဲ့ အနီရောင် Ferrari Roma လေးက လမ်းမပေါ်မှာတရိပ်ရိပ်ပြေးနေတယ်။ မြန်ဆန်တဲ့အရှိန်နှုန်းကြောင့် အပြင်ကတဖွဲဖွဲကျနေတဲ့မိုးရေစက်လေးတွေကိုတောင် သေချာမမြင်ရဘူး။ စကားသံတွေတိတ်ဆိတ်နေတဲ့ကားထဲမှာ ရိပေါ်သိပ်ကြိုက်တဲ့ဒီဂျေတီးလုံးတချို့က မတိုးမကျယ်လေးပျံ့လွင့်နေတယ်။
ကိုကိုစိတ်တိုင်းကျ ဖွင့်ထားတာက သူကြိုက်တတ်တဲ့ဂီတအမျိုးအစားနဲ့ တထပ်တည်းတူညီနေတာကိုတော့ နည်းနည်းအံ့ဩမိတယ်။ မြူးကြွနေတဲ့သံစဉ်တွေကြောင့် ရိပေါ်ရဲ့ခေါင်းလေးက စည်းချက်အလိုက်လှုပ်ခါနေပေမယ့် စတိုင်လ်ကျကျကားမောင်းနေတဲ့ကိုကိုကတော့ မလှုပ်မယှက်ငြိမ်ငြိမ်သက်သက်ပါပဲ။
"ရိပေါ်!"
"ဗျာ ကိုကို"
ရုတ်တရက်ခေါ်လိုက်တာကြောင့် လန့်ဖျန့်ပြီးထူးလိုက်တယ်။ ကိုကိုကသူ့ဘက်ကိုတစ်ချက်စောင်းကြည့်ပြီး အရှေ့ကိုပြန်လှည့်သွားတယ်။ တွန့်ကွေးသွားတဲ့ ကိုကို့နှုတ်ခမ်းစွန်းလေးကိုတော့ သူအမိအရမြင်လိုက်သေးတယ်။
"မင်း... ကားမောင်းတတ်လား"
"ဟုတ် မောင်းတတ်တယ် ကိုကို"
အငှားယာဉ်မောင်းအလုပ်ကလည်း သူ့ရဲ့အချိန်ပိုင်းအလုပ်တွေထဲကတစ်ခုဖြစ်ခဲ့တာပဲလေ။
"ဟုတ်ပြီ ဒါဆိုမင်းအတွက်ကားတစ်စီးစီစဉ်ပေးမယ် သွားချင်တဲ့နေရာသွားလို့ရအောင်"
ဝမ်အိမ်တော်ရဲ့ချစ်သားလေးပါဆိုပြီး အမည်ခံထားရပေမယ့် ကိုယ်ပိုင်ကားလေးတစ်စီးတောင် အယောင်ပြစီစဉ်မပေးလိုက်တဲ့ဝမ်ပါပါးနဲ့ဝမ်မာမားတို့ နည်းနည်းလိုသွားတယ်ထင်တယ်။ သွေးမတော်သားမစပ်လူတစ်ယောက်ကို ဘာယုံပြီးလုပ်ပေးမှာတဲ့လဲ ဒီလိုပြန်တွေးကြည့်တော့လည်း ဝမ်ဇနီးမောင်နှံကို နားလည်ပေးနိုင်သွားတယ်။
![](https://img.wattpad.com/cover/254854796-288-k7136.jpg)
ESTÁS LEYENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanficအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple