Chapter - 41 (U,Z)

3K 236 36
                                        

[Unicode]

မင်းစေလိုရာစေဖို့ ရှင်သန်နေတဲ့လူပဲ
မင်းက နေဆိုနေ ၊ မင်းက သေဆိုသေပေါ့
သိပ်ချစ်လို့ဆိုတာလေးပဲသိထားပေး...

^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄၁) : ကိုယ့်သဘော ကိုယ့်စိတ်ဆန္ဒ
^~^~^~^~^~^~^~^~^~^~^~^~^~^~^

"သခင်ကြီး အခုပဲပိုင်ယွိကဖုန်းလှမ်းဆက်ပါတယ်။ သခင်လေးအိမ်ခဏပြန်လာမယ်တဲ့ အစောကပဲ ရုံးကထွက်သွားတယ်လို့ပြောပါတယ်"

"အင်း ကျွန်တော်သိပြီ"

ဧည့်ခန်းထဲကဆိုဖာမှာထိုင်ရင်း အတွေးနယ်ချဲ့နေမိတဲ့ရှောင်းကျန့်တစ်ယောက် အိမ်တော်ထိန်းလီရဲ့အသိပေးစကားကိုကြားပြီးနောက် လက်ချောင်းသွယ်သွယ်ကြားထဲက မီးစွဲလက်စစီးကရက်ကို ပြာခွက်ထဲထည့်ပြီးခြေလိုက်တယ်။

ပိုင်ယွိကို အစစအရာရာသတင်းပို့ခိုင်းမိတာ ပထမဆုံးအကြိမ်နောင်တရမိသွားတယ်။ ကြိုမသိထားလို့အမှတ်တမဲ့ဆုံဖြစ်ခဲ့ရင် အနည်းဆုံးစက္ကန့်ပိုင်းလောက်ဖြစ်ဖြစ် ကောင်လေးရဲ့မျက်နှာလေးကိုမြင်ရဦးမယ်။ အခုတော့... 'မျက်နှာမမြင်ချင်ဘူး'လို့ပြောထားတဲ့အတွက် ကြိုသိနေတဲ့ရှောင်းကျန့်ကပဲ အလိုက်တသိရှောင်နေပေးရုံပေါ့။

စိတ်ရောကိုယ်ပါပင်ပန်းနေမည့်ကောင်လေးက အစားမှန်ပါ့မလား အိပ်ရေးတွေရောပျက်နေမလား ပါးစုန့်မို့မို့လေးတွေများချောင်ကျသွားမလား စတဲ့စတဲ့အတွေးပေါင်းများစွာနဲ့ စိတ်ပူနေခဲ့ရတာ။ မျက်နှာလေးကိုလည်းမြင်ချင်တယ်၊ အသံလေးလည်းကြားချင်တယ်၊ ရူးမတတ်လွမ်းနေရပေမဲ့ ကောင်လေးရဲ့သဘောဆန္ဒကို ကိုယ်မလွန်ဆန်နိုင်ပါဘူး။

'မင်းသဘောအတိုင်း မင်းဆုံးဖြတ်ချက်အားလုံးကို ကိုယ်လိုက်နာမယ်' ဆိုပြီး ရှောင်းကျန့်ကိုယ်တိုင်ပြောခဲ့တာပဲလေ။ အခုအချိန်မှာ ကိုယ်ခံစားရသမျှတွေအားလုံးက အကျိုးသင့်အကြောင်းသင့် ကိုယ့်ဘက်ကပြန်ပေးဆပ်ရမည့်အရာတွေလို့ပဲမှတ်ယူထားပါတယ်။

ရှောင်းကျန့်က ဒီကောင်လေးနဲ့ပတ်သက်သမျှ သိပ်ကိုရူးသွပ်တယ်။ ရင်နဲ့မဆံ့တဲ့နာကျင်ခြင်းတွေကိုတောင် အကြောင်းအရင်းဟာဒီကောင်လေးဖြစ်နေသ၍ ကိုယ်သည်းခံနိုင်ဦးမှာပဲ။ အခုလည်း ကိုယ်သိပ်လွမ်းနေပေမဲ့ ကိုယ့်ကိုမမြင်ချင်တဲ့ကောင်လေး စိတ်အနှောင့်အယှက်မဖြစ်စေဖို့ အိမ်အပေါ်ထပ်ကစာကြည့်ခန်းထဲကိုပဲဝင်သွားလိုက်တယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Où les histoires vivent. Découvrez maintenant