Chapter - 39 (U,Z)

2.8K 233 16
                                        

[Unicode]

ခံစားချက်ဆိုတာ
စကားလုံးတချို့နဲ့ပြည့်စုံအောင်ပုံမဖော်နိုင်ဘူး
ကိုယ်တိုင်ဓားထိုးခံရမှ နာမှန်းသိတာမျိုးပေါ့...

^~^~^~^~^~^~^~^~^~^~^~^~^~^~
အခန်း (၃၉) : မသိခြင်းရဲ့ အခန်းဆက်များ
^~^~^~^~^~^~^~^~^~^~^~^~^~^~

"ရိပေါ်.. ရိပေါ်..."

"ဟုတ်ကဲ့ မမပြောပါ"

"အဆင်ပြေရဲ့လား"

မမရှောင်းလုရဲ့ရုံးခန်းထဲမှာထိုင်ပြီး ပါးရဲ့အခြေအနေနဲ့ပတ်သတ်လို့ဆွေးနွေးတိုင်ပင်ဖို့ ရောက်နေတာဆိုပေမဲ့ရိပေါ်ရဲ့စိတ်အာရုံတွေကဖမ်းဆုပ်လို့မရအောင်လွင့်နေတယ်။ မမရှောင်းလုကလည်း ရိပ်မိပုံပါပဲ။ မကြည်မသာမျက်နှာထားနဲ့မှုန်ကုပ်ကုပ်ဖြစ်နေတဲ့သူ့ကို အရိပ်တကြည့်ကြည့်လုပ်နေရှာတယ်။

"အဆင်ပြေပါတယ်လို့တော့ ကျွန်တော်ညာမပြောနိုင်တော့ပေမဲ့ အဆင်ပြေအောင်နေဖို့တော့ကြိုးစားနေပါတယ်"

"မင်းတို့နှစ်ယောက်ကြားက ပြဿနာတွေကိုအစအဆုံးသေချာနားမလည်ပေမဲ့ အိမ်ထောင်သည်ဘဝရောက်သွားရင် နေရင်းထိုင်ရင်းအဖုအထစ်ကလေးတွေရှိလာတတ်တာကတော့ ထုံးစံလိုပါပဲ"

မမရှောင်းလုက သူနဲ့ကိုကို့ကြားကပြဿနာဆိုတာ သာမန်စုံတွဲတွေလို ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောထားမတိုက်ဆိုင်မှုတစ်ခုလို့  ယူဆနေပုံပါပဲ။ အထွေအထူးမရှင်းပြချင်တော့တာနဲ့ အဓိကအကြောင်းအရာကိုပဲ ခေါင်းစဉ်ပြောင်းလိုက်တယ်။

"မမ ပါးရဲ့အခြေအနေက..."

"ခွဲစိတ်မှုကအောင်မြင်သွားပါတယ်။ မမ ဟိုတစ်ခါပြောခဲ့သလိုပဲ ဦးလေးအတွက်စိတ်ပူပန်စရာတွေမရှိရင် စိုးရိမ်စရာသိပ်မရှိပါဘူး။ အဓိကကိုယ့်ကိုယ်ကိုယ်ပင်ပန်းအောင်လုပ်တာ ကိုယ့်စိတ်ပဲလေ။ တကယ့်ရောဂါအမှန်က ဆေးနဲ့ထိန်းလို့ရနိုင်တဲ့အဆင့်ပါ။ လတ်တလောကိစ္စတွေက ဦးလေးအတွက်စိတ်အရမ်းပင်ပန်းသွားစေတာပါ။ အခြေအနေအသေးစိတ်ကိုတော့ တာဝန်ခံသမားတော်ကြီးကမင်းကိုသက်သက်ခေါ်ပြီးရှင်းပြပါလိမ့်မယ်။

မမမင်းကိုခေါ်လိုက်တာက မင်းရဲ့မာမားကိုလည်းဂရုစိုက်ပေးဖို့မှာချင်တာပါ။ စိတ်ထောင်းကိုယ်ကြေပြီး ကျန်းမာရေးပါထိခိုက်လာမှာစိုးတာ။ အဲဒါကြောင့် ရိပေါ်ရဲ့မာမားကိုတော့ စားချိန်တန်စား နားချိန်တန်နားဖို့ သတိပေးပါ။ မင်းမှာဂရုစိုက်စောင့်ရှောက်ပေးရမည့် မိဘနှစ်ပါးလုံးရှိနေသေးတာ အရမ်းကံကောင်းတာပဲ"

🖤🤞 BEloved 'CHEATER' 🤞🖤Onde histórias criam vida. Descubra agora