Chapter - 47 (U,Z)

3.1K 221 34
                                    

[Unicode]

သံသရာတစ်လျှောက်လုံး မြဲနေအောင်ချည်ထားတာမို့
ဘယ်လောက်ဝေးဝေး ကိုယ်မမှုပါဘူး
မင်းဘက်ကကြိုးစလေးကိုသာလှုပ်ပြလိုက်တာနဲ့
မင်းဘေးမှာရှိပေးဖို့ အပြေးလာခဲ့မှာ...

^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄၇) : တစ်ဘဝစာ ဖမ်းဆုပ်ထားခြင်း
^~^~^~^~^~^~^~^~^~^~^~^~^~^~^

အလုပ်တာဝန်တွေကြောင့်ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်နဲ့ခန္ဓာကိုခဏအနားပေးတဲ့အနေနဲ့ ရှောင်းကျန့်တစ်ယောက် ရုံးခန်းထဲကဆိုဖာမှာသက်တောင့်သက်သာမှီနေပြီး မျက်လုံးတွေကိုမှိတ်ချထားတယ်။ အနားကိုတိုးကပ်လာတဲ့ခြေသံဖွဖွကိုသတိထားလိုက်မိပေမဲ့ တုံ့ပြန်မှုမပေးဘဲငြိမ်နေလိုက်တော့ အရိပ်တစ်ခုကအနားမှာရပ်တန့်နေတယ်ဆိုတာ မျက်လုံးမှိတ်ထားပေမဲ့ခံစားလို့ရနေတယ်။

"ဘာကိစ္စလဲ"

အရေးပါတဲ့အကြောင်းတစ်စုံတစ်ရာမဟုတ်ရင် အနားယူနေတဲ့အချိန်ကို ယွီပင်းကအနှောင့်အယှက်ပေးမှာမဟုတ်မှန်း သိနေတာကြောင့်အချိန်မကုန်ရအောင် မျက်လုံးဖွင့်မကြည့်ဘဲ နှုတ်ကထုတ်မေးလိုက်တယ်။

"ပါတီပွဲမှာရိုက်ထားတဲ့ပုံတချို့နဲ့ ကောလာဟလသတင်းတွေတက်လာပါတယ်"

"တစ်ခုခုဆို အမြစ်ကနေလှန်ပစ်လိုက်ဖို့ခွင့်ပြုပေးပြီးသားပဲ ဘာဖြစ်လို့ငါ့ဆီကိုလာပြီး အသိပေးနေသေးလဲ"

"ကျွန်တော်လုပ်ရမည့်အလုပ်ကို ကောင်းကောင်းသိပေမဲ့ အခုကျွန်တော်နဲ့ရည်ရွယ်ချက်တူတဲ့လူ နောက်တစ်ယောက်ရှိလာလို့ပါ"

"ဟုတ် လား... ဘယ်သူလဲ!"

"ပိုင်ယွိ ပါ..."

"ဘယ်သူ ပိုင်ယွိ... ဟုတ်လား!"

"ဥက္ကဌဝမ်ရဲ့  ညွှန်ကြားချက်ကိုရထားတာလို့ပြောပါတယ်"

ပိုင်ယွိလို့ကြားလိုက်ကတည်းက မျက်လုံးတွေပွင့်သွားတဲ့အပြင် 'ဥက္ကဌဝမ်' ဆိုတဲ့စကားလုံးအပြည့်အစုံကြားပြီးနောက်မှာတော့ မှီချထားတဲ့ကျောကိုပါ ရုတ်တရက်မတ်သွားမိတယ်။

"အဲဒါ ကျွန်တော်နဲ့ပိုင်ယွိ ဘယ်သူကတာဝန်ယူဖြေရှင်းလိုက်ရမလဲဆိုတာ သူဌေးရဲ့ခွင့်ပြုမိန့်ကိုလာတောင်းတာပါ"

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now