Chapter - 48 (U,Z)

4K 235 39
                                        

[Unicode]

ဒီလူက ဒီသံသရာတစ်လျှောက်လုံး
မင်းကို ရူးအောင်ချစ်မည့်ဇာတာနဲ့
အကြိမ်ကြိမ်မွေးဖွားလာတာမို့
မင်းက အနာပေးလိုက် ဆေးပေးလိုက်ဆိုလည်း
အဆင်ပြေပါတယ်...

^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄၈) : ပူလောင်ပြင်းပြတဲ့ ည
^~^~^~^~^~^~^~^~^~^~^~^~^

ရုံးချုပ်ကအလုပ်တွေစီမံခန့်ခွဲဖို့အတွက် ယွီပင်းကိုထားခဲ့ပြီး ရှောင်းကျန့်တစ်ယောက်တည်း နယူးဇီလန်ကိုထွက်လာခဲ့တယ်။ အလွမ်းတွေသယ်ပိုးထားရတဲ့ တစ်ကိုယ်တော်ခရီးက ထင်ထားတာထက်ပိုအထီးကျန်သလိုခံစားရတယ်။

ယွီပင်းက ဟိုတယ်အခန်းမှာထားပေးရမလားလို့လာမေးတုန်းက အများကြီးမပြောချင်တော့တာနဲ့ "အင်း" လို့ပဲဖြေခဲ့မိတယ်။ နှစ်ယောက်အတူရှိခဲ့တဲ့နေရာကို တစ်ယောက်တည်းပြန်ရောက်တဲ့အခါ စိတ်မသက်မသာဖြစ်တာမျိုးခံစားရမှာကိုစိုးရိမ်စိတ်နဲ့ ယွီပင်းကအလိုက်တသိစီစဥ်ပေးခဲ့တာပါ။

ဒါပေမဲ့ ရှောင်းကျန့်က ဒီအမှတ်တရတွေကြောင့် လွမ်းတဲ့စိတ်ကနှလုံးသားကိုတဆစ်ဆစ်ကိုက်ခဲစေမယ်ဆိုရင်တောင် ဂရုစိုက်မှာမဟုတ်ဘူး။ ဒီကောင်လေးနဲ့ပတ်သက်လာရင် နာကျင်စရာတွေတောင် မလွတ်တမ်းဖမ်းဆုပ်ထားတတ်တာ ရှောင်းကျန့်ရဲ့ပုံစံပဲ။

မတွေဝေဘဲ သူတို့ရဲ့အမှတ်တရတွေပြည့်နေတဲ့အိမ်လေးကိုပဲ တိုက်ရိုက်သွားလိုက်တယ်။ "အိမ်တံခါးရဲ့လျှို့ဝှက်နံပါတ်က ကိုယ်တို့ရဲ့မင်္ဂလာနေ့ရက်ပဲ"လို့ ရှောင်းကျန့်ပြောပြခဲ့တုန်းက ပါးစုန့်လုံးလုံးလေးတွေရဲတက်လာတာကို ပြန်တွေးမိသွားလို့ တံခါးဖွင့်နေရင်း အရူးလိုရယ်မိသေးတယ်။

ဧည့်ခန်းကဆိုဖာမှာ ခဏဝင်ထိုင်လိုက်တော့ ညတစ်ညရဲ့ပုံရိပ်တွေက မျက်လုံးထဲပေါ်လာပြန်တယ်။ သွယ်လျတဲ့လက်ချောင်းလေးတွေနဲ့ နားထင်ကြောကိုခပ်ဖွဖွနှိပ်နယ်ပေးပြီး အလုပ်ကြောင့်ပင်ပန်းနွမ်းနယ်နေတဲ့ ရှောင်းကျန့်ကိုပြုစုယုယပေးခဲ့တာတွေ၊ ပါးအိအိလေးနှစ်ဖက်ကို နှာခေါင်းဖျားနစ်ဝင်တဲ့အထိ အမြတ်တနိုးနမ်းရှိုက်ခဲ့တာတွေ၊ စွဲမက်ဖွယ်အရသာနဲ့ ရူးလောက်အောင်ဆွဲဆောင်တဲ့နှုတ်ခမ်းသားလေးကို ဖမ်းယူဆွဲကိုက်ထားမိတဲ့အခိုက်အတန့်တွေ၊ ကြည်တောက်တောက်မျက်ဝန်းလေးတစ်စုံကို နက်ကတိုင်နဲ့ဖုံးကွယ်ထားခဲ့ပေမဲ့ အောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြီး ခံစားချက်ကိုအရိုးသားဆုံးဖော်ပြခဲ့တဲ့ အပူပြင်းဆုံးအမှတ်တရတွေ...

🖤🤞 BEloved 'CHEATER' 🤞🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ