Chapter - 42 (U,Z)

2.9K 227 36
                                        

[Unicode]

ဒဏ်ရာတွေနဲ့ နှစ်ပါးသွားကဖို့အတွက်
သင်ယူတတ်မြောက်ရမည့် အခြေခံအဆင့်က
နာကျင်မှုနဲ့အသားကျအောင်နေတတ်ခြင်းပဲ...

^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~
အခန်း (၄၂) : ဟောင်းနွမ်းဆွေးမြေ့နေသော ပိုက်ကွန်
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~

"ဟင်းတွေထည့်စားနော်သမီးမော့နန် ဘာမှအားမနာနဲ့ကိုယ့်အိမ်လိုသဘောထား"

ပထမတစ်ကြိမ် လုပ်ယူထားတဲ့တိုက်ဆိုင်မှုနဲ့ လူချင်းမိတ်ဆက်ပေးတယ်။ အခုနောက်တစ်ကြိမ် အိမ်ကိုထမင်းဖိတ်ကျွေးပြန်တယ်။

ရိပေါ်ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အမျိုးသမီးကတော့ မားထည့်ပေးသမျှဟင်းတွေနဲ့ ထမင်းကိုမြန်ရေယှက်ရေစားပြနေပေမဲ့ ရိပေါ်ကတော့ပါးစပ်ထဲရောက်သမျှဘာမှအရသာမတွေ့ဘူးဖြစ်နေတယ်။

"သား မော့နန်ကိုဟင်းထည့်ပေးလိုက်ဦးလေ"

"ကျွန်တော်က မစ္စရှန်ဘာကြိုက်တတ်မှန်းမသိလို့ထည့်မပေးတော့ဘူး။ ကိုယ်ကြိုက်တာသာ စိတ်တိုင်းကျယူစားပါဗျာ အားနာစရာမလိုဘူး"

"ဟုတ် ဟုတ်ကဲ့ရပါတယ် ကျွန်မစားရတာအဆင်ပြေပါတယ်။ ဒေါ်ဒေါ်ဝမ်တို့အိမ်က ဟင်းချက်လက်ရာကောင်းလိုက်တာ။ ကျွန်မတော့ ဝမ်အိမ်တော်မှာထမင်းလာစားပြီး ကျန်တဲ့နေရာတွေမှာခံတွင်းမတွေ့တော့မှာတောင်စိုးရိမ်ရတယ်"

"ဒါလေးများသမီးရယ် ဘာခက်ခဲလို့လဲ။ သမီးကြိုက်တဲ့အချိန် ဝမ်အိမ်တော်မှာထမင်းဝင်စားလို့ရပါတယ်... သူစိမ်းတွေမှမဟုတ်တာပဲကွယ်"

"အဟင်း... ဥက္ကဌဝမ် ကျွန်မ အဲလိုလုပ်လို့ရောဖြစ်ရဲ့လားဟင်"

"မားကအဆင်ပြေတယ်လို့ပြောနေတာပဲ ကျွန်တော့်သဘောထားကအရေးမကြီးပါဘူး။ နောက်ပြီး ကျွန်တော်ကလည်း မစ္စရှန်လိုပဲ ဒီဝမ်အိမ်တော်ရဲ့ဧည့်သည်ပါပဲ"

"အို... ဒါသားရဲ့မိဘအိမ်လေ ဘယ်လိုကြောင့်သားကဧည့်သည်ဖြစ်ရမှာလဲ။ မားရဲ့သားကတော့ နောက်နေပါပြီ"

"အိမ်ထောင်ကျပြီးသွားတဲ့သားသမီးက မိဘအိမ်အတွက်တော့ဧည့်သည်တစ်ယောက်နဲ့မထူးခြားပါဘူး။ ကျွန်တော်ကရှောင်းအိမ်တော်မှာအရှင်သခင်ဖြစ်ပေမဲ့ ဝမ်အိမ်တော်ရဲ့ဧည့်သည်ပါပဲ"

🖤🤞 BEloved 'CHEATER' 🤞🖤Hikayelerin yaşadığı yer. Şimdi keşfedin