[Unicode]
မင်းအတွက်လို့တွေးလိုက်တိုင်း
ဘာပဲလုပ်လုပ် မမောနိုင်တော့ဘူး
မင်းအပြုံးက ကိုယ့်အမောပြေဆေး...
^~^~^~^~^~^~^~^~^~^~^~^
အခန်း (၅) : ရင်ခုန်သံဇာတ်ညွှန်း
^~^~^~^~^~^~^~^~^~^~^~^
အခန်းထဲကထွက်တာနဲ့ ချက်ချင်းသူ့လက်ကိုလာတွဲထားတယ်။ မထင်ထားတဲ့အပြုအမူဖြစ်နေလို့ သူမော့ကြည့်လိုက်တော့ အရမ်းကိုပဲချောမောလွန်းတဲ့လူကြီးက မျက်ဝန်းထဲမှာချစ်ရိပ်တွေအပြည့်နဲ့သူ့ကိုပြန်ကြည့်လာတယ်။ ကြာကြာမကြည့်နိုင်ပါဘူး သူမောလာလို့ခေါင်းကိုပြန်ငုံ့ချထားလိုက်တယ်။
"အားနန် အစ်ကိုတို့အဆင်သင့်ဖြစ်ပြီ သွားရအောင်"
ရှောင်းလူကြီးမင်းပိုင်တဲ့ ဒီအပန်းဖြေစခန်းကအကျယ်ကြီးပဲ ဧရိယာအတိအကျကိုသူမသိပေမယ့် တော်တော်လေးကျယ်မယ်ဆိုတာတော့သိတယ်။ တစ်နေရာနဲ့တစ်နေရာသွားဖို့ ကားလေးနဲ့သွားမှပဲအဆင်ပြေတယ်။ အခုလည်း ဘေးနှစ်ဖက်မှာအကာအရံမရှိဘဲအမိုးလေးပဲပါတဲ့ကားလေးပေါ် သူ့ကိုအရင်တက်စေတယ်။ ပြီးမှသူ့ဘေးမှာဝင်ထိုင်တယ်။ နောက်မှီတဲ့အတန်းမှာ လက်ကိုတင်ထားပြီး သူ့ပခုံးကိုအသာလေးဖက်ထားတယ်။ ကျန်တဲ့လက်တစ်ဖက်က သူ့လက်ကိုယုယုယယလေးကိုင်ထားတယ်။
ကားလေးမောင်းနှင်လာတဲ့လမ်းတလျှောက် ဘေးဘီဝဲယာကိုလက်ညိုးတထိုးထိုးနဲ့ ဘယ်နေရာကဘာဆိုတာ သူ့ကိုသေသေချာချာလေးရှင်းပြတယ်။
"ရိပေါ် မောနေပြီလားဟင်"
တောက်လျှောက်စကားပြောလာတဲ့လူက ရှောင်းလူကြီးမင်းဖြစ်ပြီး တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေတဲ့လူက သူဖြစ်ခဲ့တာလေ။ ဒီစကားကိုလမ်းကြောင်းခေါ်ပေးတာ အကြောင်းမဲ့မဟုတ်မှန်း သူသိတာပေါ့။
"ကိုကိုကမှ တစ်လမ်းလုံးစကားပြောလာတာလေ ကိုကိုမောနေလောက်ပြီ။ ရေသောက်မလားဟင်"
အလိုက်တသိမေးလိုက်တော့...
"ကိုကို့ကိုပြုံးပြ"
"ဟင်!"
"ပြုံးပြပါဆို..."
ရေသောက်မလားလို့မေးတာကို ပြုံးပြခိုင်းတယ်ဆိုတော့လည်း အလိုတော်ကျ ရိပေါ်ပြုံးပြလိုက်တယ်။
YOU ARE READING
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
