Chapter - 8 (U, Z)

4K 348 12
                                    

[Unicode]

ကြယ်ပွင့်ငယ်ငယ် သိပ်မလင်းခင်က
ဥပက္ခာနဲ့မျက်နှာသစ်ရတယ်
တလက်လက်တောက်ပဖို့အတွက်
ဒဏ်ရာဒဏ်ချက်တွေလည်းရင်းခဲ့ရတယ်...

^~^~^~^~^~^~^~^~^~^~^~^
အခန်း (၈) : ဥယျာဉ်မှူးပျိုးတဲ့ပန်း
^~^~^~^~^~^~^~^~^~^~^~^

"သခင်လေးရှောင်းဟန်က ဖုန်းဆက်လာပါတယ်"

ယွီပင်းရဲ့အပြောကြောင့် စာရွက်စာတမ်းတွေပေါ်မှာ လက်မှတ်ထိုးနေတဲ့သူ့လက်တွေခဏလောက်ရပ်တန့်သွားတယ်။

"ဘာကိစ္စတဲ့လဲ"

"သူဌေးရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားပြောချင်လို့ သူဌေးအချိန်ရတဲ့အခါ သူ့ဆီဖုန်းဆက်ပေးဖို့ ကျွန်တော့်ကိုတစ်ဆင့်ပြောခိုင်းတာပါ"

သေရေးရှင်ရေးအခြေအနေကလွဲလို့ ရှောင်းဟန်ကို သူဦးစားမပေးတတ်တဲ့အကြောင်း ယွီပင်းကကောင်းကောင်းသိနေတော့ မင်္ဂလာပွဲကိစ္စတွေအစအဆုံးပြီးတဲ့အခါမှ ရှောင်းဟန်အကြောင်းသူ့ကိုပြောပြလာတယ်။

"အင်း ငါသိပြီ တခြားဘာအကြောင်းရှိသေးလဲ"

"သူဌေးခိုင်းထားတဲ့အတိုင်း စကိတ်ကွင်းဆောက်တဲ့လုပ်ငန်းကစလုပ်နေပါပြီ။ တစ်ပါတ်အတွင်းအပြီးသတ်နိုင်ပါလိမ့်မယ်။ နောက်ပြီး ဝမ်အိမ်တော်ကိုသွားဖို့လည်း စီစဉ်ထားပါတယ်။ ရက်နီးတဲ့အခါ ကျွန်တော်ထပ်ပြီးသတိပေးပါ့မယ်"

"ကောင်းပြီ ဒါတွေယူသွား မနက်ဖြန်ရုံးတက်မှပြန်ယူလာခဲ့ မင်းလည်းအိမ်ပြန်နားတော့"

သူ့လက်ကဘောပင်ကိုစားပွဲပေါ်ချလိုက်တော့ ယွီပင်းက သူ့ရှေ့ကစာရွက်စာတမ်းတွေကို သေသေချာချာပြန်သိမ်းယူလိုက်တယ်။

"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး"

စာကြည့်ခန်းထဲကနေ ယွီပင်းပြန်ထွက်သွားတော့ ဘေးမှာချထားတဲ့ဖုန်းကို လှမ်းယူလိုက်တယ်။ Recent Call list ထဲမှာရှိမနေပေမယ့် အလွတ်ရနေတဲ့နံပါတ်တွေရိုက်ထည့်လိုက်တော့ ရင်းနှီးပြီးသား Contact Name တစ်ခုပေါ်လာတယ်။

(ဟဲလို.. ကျန့်ကျန့်!)

အဖျားခတ်တုန်ရီနေတဲ့အသံက အံ့ဩဝမ်းသာမှုကိုကိုယ်စားပြုမှန်း ရှောင်းကျန့်နားလည်တယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now