[Unicode]
အချစ်မှာအရောင်ကွဲတွေရှိတယ်
ကာလာနုနုချစ်ခြင်းဟာ ထင်သာမြင်သာမရှိပေမယ့်
စစ်မှန်ခြင်းနဲ့ပတ်သက်လို့ရာနှုန်းပြည့်အာမခံနိုင်ပါတယ်...^~^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၂၇) : အလိမ်အညာရဲ့နောက်ကွယ်
^~^~^~^~^~^~^~^~^~^~^~^~^~^~^ဆရာဝန်ကြီးတွေက အချိန်ကျလို့တစ်ခေါက်လာကြည့်ပြီးသွားတဲ့နောက် မမရှောင်းလုကပါထပ်ပြီးရောက်လာပြန်တယ်။ မမရှောင်းလုက ပါပါးရဲ့ဆေးမှတ်တမ်းတွေကိုတစ်ချက်ဖတ်ပြီး ရိပေါ်ကိုသေချာရှင်းပြလာတယ်။
"ရိပေါ်လေးရဲ့ပါပါးက အရင်တည်းကနှလုံးအားနည်းတဲ့အခံရှိပြီးသားကိုမှ နှစ်တွေအကြာကြီးအလုပ်ဒဏ်တွေလည်းပိခဲ့တယ်။ အမှန်တကယ်ဆို ကောင်းကောင်းအနားယူသင့်တာကြာပြီ။ ကျန်းမာရေးအတွက် ဂေါ့ဖ်ရိုက်တယ်ဆိုတာကောင်းပေမယ့် အခုလိုအချိန်ကျမှ အတင်းဖိအားပေးပြီး ကိုယ့်ကိုယ်ကိုယ်လှုပ်ရှားခိုင်းတယ်ဆိုတော့ နည်းနည်းအလွန်အကျွံဖြစ်သွားတာပါ။
ဒီလိုအသက်အရွယ်ကျတော့ အားကစားဆိုတာ ဖြည်းဖြည်းနဲ့မှန်မှန်လုပ်ရမှာ နောက်ပြီးကိုယ့်မှာရောဂါအခံလည်းရှိနေတော့ နားလည်တတ်ကျွမ်းတဲ့ပါရဂူကြီးတွေနဲ့ သေချာတိုင်ပင်ပြီးမှ ကိုယ်နိုင်သလောက်လေးလုပ်ဖို့ မမကတော့အကြံပေးချင်တယ်။
အခုလည်း လုပ်ငန်းတွေအားလုံးက ရိပေါ်ကိုလက်လွှဲပေးပြီးသားမလား။ အဲ့ဒါဆိုရင်တော့ စိတ်ဖိစီးမှုတွေသိပ်မရှိလောက်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဦးလေးကအများကြီးသက်သာလာပြီဆိုပေမယ့် အစားအသောက်၊ အနေအထိုင်လေးတော့ဆင်ခြင်ရဦးမယ်။ ရိပေါ်တို့က ပိုပြီးဂရုစိုက်ပေးလိုက်ပေါ့ကွာ"
"ဟုတ်ကဲ့ မမ ။ ပါးအတွက် အစစအရာရာကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ဆေးရုံစရိတ်တော့ကျွန်တော်ပြန်ပေးပါရစေ အရမ်းအားနာလို့ပါ"
မားရဲ့ပြောပြချက်အရ အခုပါးအတွက်စီစဉ်ပေးထားတဲ့အခန်းက CMS Group ရဲ့ မိသားစုဝင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း အထူးပုဂ္ဂိုလ်တွေအတွက်ပဲ ပေးနိုင်တဲ့အခန်းမျိုးတဲ့လေ။ နောက်ပြီး ပါးရဲ့ဆေးရုံစရိတ်တွေကို သွားရှင်းပေးဖို့ ငွေရှင်းကောင်တာကိုသွားမေးကြည့်တဲ့အခါ ပါးအတွက်ကုန်ကျစရိတ်တွေအားလုံးကရှင်းပေးပြီးသားဖြစ်နေတယ်။
![](https://img.wattpad.com/cover/254854796-288-k7136.jpg)
YOU ARE READING
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple