[Unicode]
နာရီတွေကရှေ့ဆက်သွားနေပေမဲ့
အတိတ်ဆိုတာပြန်မြင်ယောင်နိုင်တယ်
မင်းနဲ့ပတ်သက်သမျှမှတ်ဉာဏ်တွေကတော့
ကိုယ့်ရဲ့နာမ်တရားမပျက်စီးသ၍
အမြဲအတူရှိနေမှာသေချာတယ်...^~^~^~^~^~^~^~^~^~^~^~^
အခန်း (၄၅) : စိတ်ကူးယဉ်အနမ်း
^~^~^~^~^~^~^~^~^~^~^~^ရိပေါ်နဲ့လော်ယွင်ရှီးတို့နှစ်ယောက်လုံးရဲ့ရာသီခွင်ဖြစ်တဲ့ "LEO" ဆိုတဲ့စကားလုံးကိုပဲ Brand အဖြစ် ရိုးရှင်းစွာပဲရွေးချယ်လိုက်တယ်။
"LEO" Brand မှာ အမျိုးသားဝတ်ဒီဇိုင်းတွေကိုပဲရောင်းချပေးမှာဖြစ်ပြီး အမျိုးအစားအနေနဲ့ကတော့ Class A ကနေ Class D အထိ လေးမျိုးလောက်ခွဲခြားပေးထားတယ်။ လူတန်းစားမရွေး အားလုံးကမိမိနှစ်သက်ရာ အမျိုးအစားကိုရွေးခြယ်ဝယ်ယူနိုင်မှာဖြစ်တယ်။
ပဲရစ်မြို့ကိုဈေးဝယ်ထွက်လာကြတဲ့လူအများစုဟာ ဈေးကြီးပေးဝယ်ယူရတဲ့ Luxury Brand တွေကို အဓိကပစ်မှတ်ထားဝယ်ယူကြတာများတယ်ဆိုပေမဲ့ ပဲရစ်မြို့ကိုအကြောင်းအမျိုးမျိုးနဲ့ အလည်အပတ်ရောက်လာကြတဲ့ သာမန်လူငယ်အချို့အတွက်ရယ်၊ ငွေကြေးအမြောက်အများမတတ်နိုင်ပေမဲ့ နာမည်ကြီးအမှတ်တံဆိပ်ရဲ့ ဖက်ရှင်ဒီဇိုင်းကိုဝတ်ချင်ပါတယ်ဆိုတဲ့လူတချို့အတွက်ရယ်တွေးပေးပြီး အခုလိုသင့်တင့်တဲ့ဈေးနှုန်းအလိုက် အရည်အသွေးနဲ့ဒီဇိုင်းအမျိုးအစားခွဲပြီး ထုတ်လုပ်ရောင်းချတဲ့စိတ်ကူးပေါ်လာတာဖြစ်တယ်။
Brand မိတ်ဆက်တဲ့အခမ်းအနားနဲ့ ပွဲဦးထွက်ဒီဇိုင်းတွေရဲ့ဖက်ရှင်ရှိုးကို အများပြည်သူအပန်းဖြေအနားယူတဲ့နေရာမှာပဲ Outdoor Show တစ်ခုအနေနဲ့စီစဉ်ကျင်းပတယ်။ သစ်ပင်တွေတစ်ဖက်တစ်ချက်စီမှာ အတန်းလိုက်ရှိနေတဲ့လမ်းကြားလေးက ကော်ဇောခင်းထားတဲ့စင်မြင့်တစ်ခုမဟုတ်ပါဘဲ သဘာဝဆန်လွန်းတဲ့လျှောက်လမ်းတစ်ခုဖြစ်သွားတယ်။
ရှေးရိုးစွဲပြီးဂုဏ်သိက္ခာအစဉ်အလာတွေကိုသာ ရှေ့တန်းတင်တတ်ကြတဲ့ ဖက်ရှင်လောကရဲ့ တချို့တချို့သောနာမည်ကျော်ပုဂ္ဂိုလ်တွေကတော့ အခုလိုလမ်းမပေါ်ကဖက်ရှင်ရှိုးပွဲတစ်ခုကို မမြင်ခင်မတွေ့ခင်ကပဲ နှာခေါင်းရှုံ့နှင့်ပြီးသားဖြစ်နေပြီ။ ဒါ့အပြင် နိုင်ငံခြားသားလူမျိုးခြားဖြစ်တဲ့ငယ်ငယ်ရွယ်ရွယ်လူငယ်လေးတွေဦးဆောင်တဲ့ ဒီဖက်ရှင်အမှတ်တံဆိပ်အသစ်တစ်ခုဟာ အရှိန်အဝါကြီးမားပြီးသားပဲရစ်ဖက်ရှင်လောကမှာတိုးပေါက်ဖို့မလွယ်လောက်ဘူးဆိုတဲ့ ထင်ကြေးတွေလည်းပေးနေကြတယ်ဆိုပဲ။

YOU ARE READING
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple