[Unicode]
ပလ္လင်ပြင်ပေးထားတယ်
မင်းက တစ်လှမ်းချင်းပဲလျှောက်လာပေး
ချနင်းဖို့ကော်ဇောနီခင်းပေးမယ်
သရဖူလည်းဆောင်းပေးမယ်
လိုချင်သမျှလည်း အပ်နှင်းမယ်...
^~^~^~^~^~^~^~^~^~^
အခန်း (၉) : မိုးကျရွှေကိုယ်
^~^~^~^~^~^~^~^~^~^
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
#CEO_WangYibo
ဒီနေ့ Wang Group ရဲ့ရုံးချုပ်မှာ ရိပေါ်ပထမဆုံးရုံးတက်တဲ့နေ့။ ကိုကိုက သူနဲ့အတူရုံးတက်ပေးတယ်။ ရုံးချုပ်ကအကြီးအကဲတွေ၊ ဒါရိုက်တာအဖွဲ့ဝင်တွေကို ရိပေါ်နဲ့မိတ်ဆက်ပေးတယ်။
ဝမ်ချောင်းယွဲ့ရဲ့ တစ်ဦးတည်းသောသား ဝမ်ရိပေါ်အနေနဲ့ရော ရှောင်းကျန့်ရဲ့အိမ်ထောင်ဖက်ဝမ်ရိပေါ်အနေနဲ့ရော အနေအထားနှစ်ခုလုံးကြောင့် အားလုံးကသူ့ကိုလက်လွတ်စပယ် သဘောမထားရဲကြဘူး။
ကိုကိုကသူ့ကိုစကားအများကြီးဝင်မပြောခိုင်းဘူး။ အရယ်အပြုံးမရှိသလောက် ခပ်တည်တည်နေခိုင်းတယ်။ ဒါက သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့သိပ်မကွာတာကြောင့် သူ့အတွက်အခက်အခဲသိပ်မရှိဘူး။
အခုလောလောဆယ်တော့ အိပ်မက်ထဲတောင်ထည့်မမက်ခဲ့ဖူးတဲ့ နေရာတစ်ခုကိုရောက်နေပြီ။ ရုံးခန်းအကျယ်ကြီးထဲမှာ စားပွဲခုံအကြီးကြီးနဲ့ ကွန်ပျူတာတစ်လုံးရှေ့ငုတ်တုတ်ထိုင်နေရတဲ့အခြေအနေပဲ။ 'CEO Wang Yibo' ရွှေရောင်စာလုံးတွေနဲ့ရေးထားတဲ့ ဖန်တုံးရှည်ရှည်လေးကကြည့်လို့လှပေမယ့် သူ့ခံစားချက်တွေသိပ်မကောင်းဘူး။ ရာထူးမြင့်လေ တာဝန်ကြီးလေပဲမဟုတ်လား။
သူသင်ထားတဲ့ ပညာအရည်အချင်းလောက်နဲ့ လက်တွေ့မှာဘယ်အတိုင်းအတာထိ အသုံးချလို့ရနိုင်မလဲ သူသေချာမသိဘူး။ အတွေ့အကြုံဆိုတာလည်း မည်မည်ရရမရှိဘူး။ ရုတ်တရက်ကြီး မိုးကျရွှေကိုယ်လုပ်ပြီး ပလ္လင်ပေါ်တက်ထိုင်နေလို့ တကယ်ဖြစ်မှာတဲ့လား။
ESTÁS LEYENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
