Chapter - 19 (U,Z)

4.2K 313 9
                                        

[Unicode]

'ကာ'ပေးရမလား 'ကွယ်'ပေးရမလား
ဒိုင်းဖြစ်ဖြစ် တံတိုင်းဖြစ်ဖြစ်ပေါ့
မင်းအတွက်ဆို ဒီလူက 'စွယ်စုံသုံး' ...

^~^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၁၉) : မှောင်ရိပ်၏အလွန်
^~^~^~^~^~^~^~^~^~^~^~^~^~^

Xiao Group လက်အောက်က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု စီမံကိန်းလုပ်ငန်းဆောင်ရွက်နေရင်း ပြဿနာတချို့ရှိလာလို့ ကိုကို ကိုယ်တိုင်လိုက်သွားကြည့်ပေးနေရတယ်။ စီမံကိန်းဆောင်ရွက်နေတဲ့နေရာက မြို့ပြင်ဘက်ကျပြီး အနည်းငယ်ဝေးတဲ့အတွက် ဒီနေ့‌ညတော့အမှီပြန်လာနိုင်မှာမဟုတ်တဲ့အကြောင်း ကိုကိုကစာပို့လာတယ်။

ရုတ်တရက်စိတ်ကူးရတာနဲ့ ရုံးကနေအိမ်အပြန်လမ်းပေါ်ရောက်နေတဲ့ ရိပေါ်ရဲ့ကားလေး ဦးတည်ချက်ပြောင်းသွားတယ်။ မကြာခဏမသွားဖြစ်ပေမယ့် လမ်းဘေးဝဲယာကမြင်ကွင်းတွေဟာ သူ့အမြင်မှာစိမ်းသက်မနေဘူး။ အရင်က Bus နဲ့သာအမြဲသွားလေ့ရှိတာကြောင့် လမ်းဘေးမြင်ကွင်းတွေကိုငေးဖို့ အချိန်‌တွေပိုရခဲ့တာတော့အမှန်ပဲ။

နာတာရှည်လူနာတွေကုသတဲ့ဆေးရုံဖြစ်နေတော့ သာမန်ဆေးရုံတွေလို လူတွေသူတွေ ရှုပ်ယှက်ခတ်စည်ကားနေတာမျိုးမရှိဘူး။ ဧည့်ကောင်တာမှာရှိတဲ့ဝန်ထမ်းကို လူနာအမည်ပြောပြီး အခန်းနံပါတ်ကိုစုံစမ်းလိုက်တယ်။ သူ့အခြေအနေပြောင်းလဲသွားပြီးနောက်ပိုင်း အများသုံးအခန်းကနေ သီးသန့်အခန်းကိုပြောင်းထားပေးခဲ့တာ။ သီးသန့်အခန်းပြောင်းပေးထားပြီးနောက်ပိုင်း သူလည်းဒီဆေးရုံကိုနောက်တစ်ခေါက်ခြေမချဖြစ်တော့တာပဲ။

အခန်းရှေ့နံရံမှာချိတ်ထားတဲ့ လူနာအမည်ကိုအတည်ပြုတဲ့အနေနဲ့ကြည့်လိုက်တယ်။ သူရှာနေတဲ့အခန်းမှန်တော့မှ အခန်းတံခါးကိုအသာဆွဲဖွင့်ပြီးဝင်သွားတော့ ကုတင်ပေါ်မှာဆေးပိုက်တန်းလန်းနဲ့ လှဲလျက်ရှိနေတဲ့လူကိုတွေ့လိုက်ရတယ်။

"ဘဘစူး အိပ်နေတာပဲ..."

သူတစ်ယောက်တည်း တီးတိုးရေရွတ်လိုက်တယ်။ ကုတင်ပေါ်က ဘဘစူးကတော့ သတိလက်လွတ်အိပ်ပျော်နေဆဲပါပဲ။ ကျိုးတိုးကျဲတဲသာရှိတော့တဲ့ ဆံပင်ဖြူဖြူငုတ်စိလေးတွေ၊ အရေးအကြောင်းတွေအပြည့်နဲ့မျက်နှာပြင်ကလည်း အရင်အချိန်တွေကလို ဒေါသတွေနဲ့ခက်ထန်ခြင်းကင်းမဲ့နေရှာတယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now