Chapter - 10 (U, Z)

4.6K 354 3
                                        

[Unicode]

ကြယ်တွေကိုချစ်တဲ့ မင်းအတွက်
ကြယ်တွေနဲ့နီးဖို့ လှေကားဆင်ပေးမယ်
ကြယ်ရောင်ကိုနမ်းရင်း ပြုံးနေပေးပါ...

^~^~^~^~^~^~^~^~^~^~^~^
အခန်း (၁၀) : ပထမလှေကားထစ်
^~^~^~^~^~^~^~^~^~^~^~^

ရှောင်းအိမ်တော်ရဲ့ဆင်ဝင်အောက်ကို ကားတစ်စီး ညင်ညင်သာသာထိုးရပ်လာတယ်။ ကားမောင်းသူနေရာကဆင်းလာတဲ့ ပိုင်ယွိ အိမ်တော်ရဲ့တံခါးပေါက်ရှေ့မှာမတ်တတ်ရပ်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့ ခါးညွှတ်ပြီးနှုတ်ဆက်လိုက်တယ်။

"ဥက္ကဌရှောင်း!"

"အခြေအနေ.."

"သူဌေးက ပင်ပန်းပြီးအိပ်ပျော်နေပါတယ်။ ကျွန်တော်နှိုးလိုက်ပါ့မယ်"

"မနှိုးနဲ့ထားလိုက် မင်းပြန်လို့ရပြီ"

"ဟုတ်ကဲ့ပါ ကျွန်တော့်ကိုခွင့်ပြုပါဦး"

"နေဦး! နောက်ပိုင်းလည်း သူ့ကိုသေချာကြည့်ပေးပါ။ သူလုပ်နိုင်တာသိပေမယ့် အတွေ့အကြုံလိုသေးတယ်"

"ဟုတ်ကဲ့ပါ ကျွန်တော့်တာဝန်ကိုကျွန်တော်သိပါတယ်"

"ကောင်းပြီ"

ကားနောက်ခန်းမှာ ခေါင်းလေးစောင်းပြီးအိပ်ပျော်နေတဲ့ကောင်လေးရဲ့ နှုတ်ခမ်းဖူးဖူးလေးက အနည်းငယ်ဟနေတယ်။ ခေါင်းအနေအထားမမှန်လို့ ဇက်ကြောနာသွားမှာစိုးတာနဲ့ ခေါင်းလေးကိုဖြည်းဖြည်းလေး နေရာရွှေ့ပေးလိုက်တယ်။ နှုတ်ခမ်းဟစိလေးကို အကြည့်မရောက်အောင်တော့ ထိန်းရတာပေါ့။

"သခင်ကြီး..."

အိမ်တော်ထိန်းလီရဲ့ခေါ်သံကြောင့် ရှောင်းကျန့်နောက်လှည့်ကြည့်ပြီး နှုတ်ခမ်းပေါ်လက်ညိုးကန့်လန့်ဖြတ်တင်ရင်း အသံတိုးဖို့အချက်ပြလိုက်တယ်။

"သခင်လေးကအိပ်ပျော်နေတာပဲ။ အပေါ်ထပ်ကိုပွေ့ချီတင်ဖို့ လူခေါ်လိုက်ရမလား"

"ဘဘလီ!"

အိမ်တော်ထိန်းလီရဲ့စကားကြောင့် ရုတ်တရက်ထွက်သွားတဲ့သူ့အသံက နည်းနည်းကျယ်သွားတယ်။ သူလုပ်ပြတဲ့အတိုင်း တိုးတိုးနေဖို့သူ့ကိုပြန်လုပ်ပြရင်း ပြုံးစိစိလုပ်နေသေးတယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Donde viven las historias. Descúbrelo ahora