Chapter - 15 (U,Z)

4.2K 340 16
                                        

[Unicode]

မင်းရဲ့ ပျော်ရွှင်မှုရေသောက်မြစ်က ကိုယ်ဖြစ်နေတဲ့အခါ
လမ်းလျှောက်ရင်းမြေကြီးနဲ့လွတ်သွားတာမျိုး...

^~^~^~^~^~^~^~^~^~^~^~^~^
အခန်း (၁၅) : ချစ်ခြင်း၏ရုပ်ဂုဏ်သတ္တိ
^~^~^~^~^~^~^~^~^~^~^~^~^

တစ်လနီးပါးအချိန်တွေကြာလာခဲ့တော့ ရိပေါ်နဲ့ချန်ဖေးယွီတို့ အတိုင်းအတာတစ်ခုထိရင်းနှီးလာခဲ့တယ်။ ဒီနေ့တော့ လော်ယွင်ရှီးကျောင်းမတက်နိုင်လို့ ချန်ဖေးယွီရဲ့မျက်နှာကလည်း ညိုနေတဲ့မိုးလို အလဲလဲအပြိုပြိုဖြစ်နေရှာတယ်။

ဆယ်မိနစ်တစ်ကြိမ် ဖုန်းဆက်ပြီးအခြေအနေလှမ်းလှမ်းမေးနေတဲ့ချန်ဖေးယွီကို နေမကောင်းလို့အိပ်ယာကမထနိုင်တဲ့လော်ယွင်ရှီးက စိတ်မရှည်တော့တဲ့အဆုံး နောက်တစ်ခေါက်ဖုန်းခေါ်တာနဲ့အပြတ်ပဲလို့ ခြိမ်းခြောက်လိုက်မှငြိမ်ကျသွားတော့တယ်။

"ဖေးယွီရာ မင်းအဲ့လောက်စိတ်မချဖြစ်နေရင်လည်း ဘာလို့ကျောင်းလာနေသေးလဲ။ သူ့အနားမှာပဲနေပြီးပြုစုပေးနေလိုက်ပါလား"

"ငါကနေချင်တာပေါ့ကွာ အားလော်ကမနေနဲ့ကျောင်းသွားဆိုလို့သာ"

"မင်းက လော်ယွင်ရှီးစကားတော့တကယ်နားထောင်တာပဲ"

"အင်း ငါသူ့ကိုစိတ်ဆင်းရဲ‌အောင်မလုပ်ဘူး"

"ဒါဆို ငါတို့စတွေ့တဲ့ရက်က မင်းကိုလော်ယွင်ရှီးစိတ်ဆိုးနေတာကရော..."

တွေးတွေးဆဆနဲ့ ရိပေါ်ပြောလိုက်တော့ ချန်ဖေးယွီကခေါင်းလေးခါပြီးခပ်ဟဟရယ်တယ်။

"အဲ့ဒါသူ့အကျင့်ပဲ တစ်လတစ်ခါလောက်တော့ အမြဲစိတ်ဆိုးတယ်"

"ဘယ်လိုမျိုးလဲ ငါတော့နားမလည်ဘူး"

"နားလည်ဖို့မကြိုးစားနဲ့ရိပေါ် ငါ့ချစ်သူကိုငါတစ်ယောက်ပဲနားလည်နိုင်ရင်လုံလောက်ပြီ"

"မင်းသူ့ကိုအတော်ချစ်တာပဲ"

"အင်း ချစ်တယ် အရာအားလုံးထက်ပိုပြီး..."

သူ ချန်ဖေးယွီကိုအားကျမိတယ်။ သူလည်း ကိုကို့ကိုအရာအားလုံးထက်ပိုချစ်တယ်ဆိုပြီး အတိအလင်းဝန်ခံချင်တယ်။ အဲ့ဒီအတွက်ရင်းရမယ့်သတ္တိကို အခုကစပြီးတဖြည်းဖြည်းနဲ့မွေးမြူမယ်။ အခုလက်ရှိ သူကအလိမ်အညာဘဝနဲ့နေနေတယ်ဆိုရင်တောင် ကိုကို့အပေါ်ထားတဲ့ သူ့ခံစားချက်အစစ်အမှန်ကိုတော့ ကိုကိုယုံပေးရင်သိပ်ကောင်းမယ်။

🖤🤞 BEloved 'CHEATER' 🤞🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ