Chapter - 26 (U,Z)

3.9K 281 11
                                        

[Unicode]

ပင်ပန်းတယ်လို့တစ်ချက်ညည်းလိုက်
ပခုံးတစ်ဖက်က မင်းအတွက်အသင့်ပဲ
အလိုရှိရင် အနမ်းတစ်ချို့ပါ အဆစ်တောင်းနိုင်သေးတယ်...

^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~
အခန်း (၂၆) : မင်းတစ်ထမ်းဆို ကိုယ်တစ်ရွက်ပေါ့
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~

ချန်ဖေးယွီတို့အတွဲ အနည်းငယ်ဆူညံပူညံလုပ်ပြီး ဈေးဆိုင်ခန်းတွေပတ်ကြည့်ဦးမယ်ဆိုပြီး ထွက်သွားကြတော့တယ်။

"ရိပေါ် ညီလေး ဂုဏ်ပြုပါတယ်"

တည်ငြိမ်တဲ့အပြုံးတစ်ပွင့်နဲ့အတူ အနားကိုရောက်လာတဲ့သူက လျိုအိမ်တော်သခင် လျိုဟိုင်ခွမ်း။ ဟိုင်ခွမ်းကောကို သူ့အကြောင်းတွေပွင့်ပွင့်လင်းလင်းပြောပြထားတာကြောင့် သူ့ရဲ့အတိတ်ကပုံရိပ်ကို မေ့ထားခဲ့ပြီးတော့ လက်ရှိဘဝ ဥက္ကဌဝမ် 'ဝမ်ရိပေါ်' အဖြစ်နဲ့ သူ့ကိုသတ်မှတ်ပြီး ကောင်းကောင်းဆက်ဆံပေးတယ်။

"ဟိုင်ခွမ်းကော...  ဂုဏ်ပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဟိုင်ခွမ်းကောရဲ့အထောက်အပံ့သာမရှိခဲ့ရင် ဒီလောက်ထိအဆင်ပြေပြေ ချောချောမွေ့မွေ့ရှိမယ်မထင်ပါဘူးဗျာ"

"အစ်ကို့ဘက်က ကူညီနိုင်တာအသေးအဖွဲပါကွာ မပြောပလောက်ပါဘူး"

ဟိုင်ခွမ်းကောနဲ့စကားပြောနေတုန်း ကိုကိုကအနားပြန်ရောက်လာတယ်။

"ဪ မိတ်ဆက်ပေးရဦးမယ်။ ဟိုင်ခွမ်းကော ဒီဘက်ကတစ်ယောက်က ကျွန်တော်နဲ့လက်ထပ်ထားတဲ့သူ Xiao Group ရဲ့ ဥက္ကဌ 'ရှောင်းကျန့် ' လို့ခေါ်တယ်။ ကိုကို ဒီပုဂ္ဂိုလ်က ပေစန်းရဲ့ပင်မအကြီးအကဲမျိုးနွယ် လျိုအိမ်တော်ရဲ့သခင် 'လျိုဟိုင်ခွမ်း' တဲ့"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် လျိုလူကြီးမင်း"

"ဟုတ်ကဲ့ ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်ဗျ။ ဒါနဲ့ ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးနာမည်ပဲခေါ်လို့ရပါတယ်။ ကျွန်တော်က ဥက္ကဌရှောင်းနဲ့ အသက်သိပ်မကွာလောက်ဘူးထင်တယ်"

"လျိုအိမ်တော်ရဲ့သခင်ကိုတော့ နာမည်တပ်ခေါ်ရလောက်အောင် ကျွန်တော်အတင့်မရဲပါဘူးဗျာ။ ဒီအတိုင်းခေါ်တာက ပိုပြီး သက်တောင့်သက်သာဖြစ်ပါတယ်"

🖤🤞 BEloved 'CHEATER' 🤞🖤Where stories live. Discover now