Unicode - ဒါကြီးကတကယ်လား။
* * *
ယခုအချိန်၌ Cheng Yan ပြောနေကျ လက်သုံးစကားကသာ သူမ ရင်ထဲမှ စိတ်အခြေအနေကို မှန်မှန်ကန်ကန် ဖော်ပြပေးနိုင်စွမ်းရှိတော့သည်။ "ဒီ သူတောင်းစားနဲ့တော့ တော်လောက်ပြီ!"
လွန်ခဲ့သည့်ရက်ပိုင်း၌ သူမ အာရုံရနေခဲ့သည်များက နောက်ဆုံး၌ လက်တွေ့ဖြစ်လာခဲ့သည်။ အကယ်၍သာ ထိုညက သူမ နိုင်ခဲ့သည့်ငွေများကို Lu Chenzhou ထံလွှဲခဲ့ခြင်းက ယခုကဲ့သို့ တုံ့ပြန်မှုများဖြစ်လာမည်ကိုသာ သိခဲ့ပါလျှင် ထိုငွေများအားလုံးကို သူမ ယူကာ ကလပ်မှတိတ်တဆိတ် ပြန်သွားလိုက်မည်သာဖြစ်သည်။ ထို့ကြောင့် ကလပ်မှဝန်ထမ်းကိုလည်း ထိုကဲ့သို့သော သတင်းစကားမျိုး ပါးခိုင်းလိုက်စရာ လိုတောမည်မဟုတ်ပေ။
ထင်ထားသည့်အတိုင်းပင် သေသေချာချာ မစဉ်းစားမဆင်ခြင်ဘဲ ပြုမူခဲ့ခြင်းက သူမ၏ မဟာအမှားပင် ဖြစ်တော့သည်။
ထိုအချိန်၌ ယနေ့ Cheng Xi နှင့် အတူတာဝန်ကျသည့် သူနာပြုဆရာမလေး၏ အလန့်တကြားအာမေဋိတ်သံကြောင့် ရုတ်တရက်ဆိုသလို ဆေးခန်းတံခါးဝ၌ ဆူညံပွက်လောရိုက်သွားသည်။ တံခါးဝနား၌ စုပြုံနေသည့် လူအုပ်ကြီးကိုတွေ့သည့်အခါ နောက်ဆုံး၌ ချိန်းထားသည့်လူနာများ ရောက်လာကြပြီအထင်နှင့် သူမ လည်း အနားသို့လျှောက်သွားသည်။ သို့သော် အခန်းထဲသို့ခြေချမိသည်နှင့်ချက်ချင်း ကြားလိုက်ရသည့် Baldy ၏ မျက်လုံးပြူးဖွယ်ရာစကားကြောင့် သူမ ချော်လဲတော့မလိုပင် ဖြစ်သွားရသည်။
Cheng Yi ၏ ရုပ်ရည်ချောမောလှပမှုတို့က သူ့နောက်သို့ ယောက်ျားသားများ ဣန္ဒြေမဆည်နိုင်လောက်အောင် အရူးအမူးဖြစ်ရသည်အထိ စွဲလန်းစေနိုင်ကြောင်းကို သူမ သိသည်။ သို့သော် ထိုလူများက ရှိသမျှဆေးခန်းချိန်အားလုံးကို ပြောင်ပြောင်တင်းတင်းနှင့် ကြိုတင် Booking လုပ်လိမ့်မည်ဟူ၍ လုံးဝထင်မထားခဲ့ပေ... ဒါကြီးက တကယ်လား။ ကြားသိလိုက်သည့် သတင်းမှာ ပျစ်ပျစ်နှစ်နှစ်ရှိလှပြီး လုံးဝအမိုက်စားဖြစ်နေ၍ ယခုချက်ချင်းသွားပြောမှ ဖြစ်တော့မည်!
သို့သော် သူမ ကို Cheng Xi သတိပြုမိသွားသဖြင့် မျက်နှာပေါ်မှ အမူအရာတို့ကို ကြိုးစားထိန်းကာ မျက်နှာပိုးသတ်ရတော့သည်။ ကြို့တစ်ချက်ထိုးကာ ပျံ့လွင့်နေသည့် စိတ်ကူးယဉ်အတွေးများကို အလေးအနက်ထားသည့်ပုံစံအဖြစ်သို့ ပြောင်းလဲလုပ်ယူလိုက်ပြီးနောက် "ဒေါက်တာ Cheng ၊ လူနာရောက်လာပြီလား။"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...