Unicode - တစ်ကိုက်
အချိန်ခဏခန့် သူမ တွေးပြီးသည့်အခါ Cheng Xi ပြန်ဖြေလာသည်။ "အိုခေ။"
ထို့နောက် Lu Chenzhou က ဝတ်ကျေတန်းကျေ ခေါင်းငြိမ့်ပြသည်ကို Mr. Liu ကြည့်လိုက်သည်။
"အခုန ကတိပေးထားတဲ့အတိုင်း အပြည့်အဝရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။"
Lu Chenzhou က စိတ်မပါစွာဖြင့် တုံးတုံးတိတိပြန်ဖြေသည်။ "အိုခေ။'"
Cheng Xi သူ့ကို လှမ်းကြည့်မိသွားသည်။ "ရှင်သူ့ကို ဘာကတိပေးလိုက်တာလဲ။'
သို့သော် Lu Chenzhou က သူမ အမေးကိုပြန်မဖြေပေ။ "မင်း အခုစပြောလို့ရပြီ။"
ထိုလူနှစ်ယောက်စလုံး Cheng Xi ၏ အမေးစကားကို လျစ်လျူရှုထားလိုက်ကြသည်။ Mr. Liu က အချိန်ခဏခန့် တွေဝေစဉ်းစားကြည့်ပြီးသည့်အခါ စပြောလာသည်။ " Chen Jiaman ကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းက ကျွန်တော့်သမီးပြောခဲ့သလိုပဲ အနိုင်ကျင့်ခံရတဲ့ အတွက်ကြောင့်ပါ။ တိတိကျကျပြောရရင် သူက တကယ်တော့ ကျောင်းတွင်းအကြမ်းဖက်မှုမှာ နစ်နာသူပါပဲ။"
"Chen Jiaman ရဲ့ ပင်ကိုယ်စိတ်နေသဘောထားက လူတွေနဲ့ပေါင်းသင်း ဆက်ဆံတာမျိုးတွေ မကြိုက်တဲ့အပြင် အခြားသူတွေနဲ့မတူဘဲ ထူးခြားတယ်။ ပြီးတော့ မိသားစုအခြေအနေအရ မိဘတွေကအဝေးမှာဆိုတော့ သူ့အနားမှာ အဘွားပဲရှိတယ်။ သူ့ရဲ့ကျောင်းတက်ချိန် အတော်များများမှာ အတန်းဖော်တွေရဲ့ဖိအားကို ရင်ဆိုင်ခဲ့ရတယ်။ သူငယ်ငယ်တုန်းက အားလုံးကအသက်ငယ်သေးလို့ ဘာမှမလုပ်နိုင်ကြပေမဲ့ အရွယ်ရောက်လာပြီး အလယ်တန်းတက်တော့ သူ့ကိုအနိုင်ကျင့်စိတ်ဒုက္ခပေးတဲ့ နည်းလမ်းတွေကို ကျောင်းသားတွေက ပိုသိ၊ ပိုတက်လာကြတယ်။"
"Chen Jiaman အလယ်တန်းရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ချောလှတဲ့ရုပ်ရည်ကြောင့် ကောင်လေးတွေကြားမှာ ရေပန်းစားလာတယ်။ ဘုဆတ်ဆတ်နဲ့ ပြန်ခံပြောလေ့ရှိတဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေက တခြားအသက်အရွယ်ထက် ဘယ်လောက်ထိ မနာလိုတတ်ကြလဲဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။
အတန်းဖော်မိန်းကလေးအချို့က သူစန်းပွင့်တာကို မကျေနပ်တော့ ကျောင်းဆင်းတဲ့အခါ အုပ်စုဖွဲ့ပြီး သူ့ကို ဝိုင်းထားလိုက်ကြတယ်။ ကြည့်ရတာ အဲ့ဒီအချိန်တုန်းက လူများပြီး အဖွဲ့လည်းတောင့်နေကြတော့ အနိုင်ကျင့်တာက လက်လွန်ခြေလွန်ဖြစ်သွားတဲ့အပြင် သူတို့လုပ်ခဲ့တာက... တော်တော်လေး ကြောက်စရာကောင်းတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့ Chen Jiaman က ဘယ်တော့မှ ကျောင်းပြန်မလာတော့ဘူး။"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...